
Old Fox (2023) ============ IMDb Rating – 7.3/10 ၁၉၈၉ ထိုင်ဝမ်ဟာ လျင်မြန်လွန်းလှတဲ့အပြောင်းအလဲတွေကို တွေ့ကြုံ နေရချိန်ဖြစ်ခဲ့ပါတယ်.။ လျောင်တယ်လိုင်းဆိုတဲ့ စားသောက်ဆိုင်မှာ အလုပ်လုပ်တဲ့ မုဆိုးဖိုတစ်ယောက်နဲ့ သူ့သားငယ်လျောင်ဂျေးတို့ဟာ တိုက်ခန်းတွဲတစ်ခုမှာ ငှားရမ်းနေထိုင်ပါတယ်။ အဲ့ဒီတိုက်ခန်းတွဲပိုင်ရှင်ဟာ အများက မြေခွေးအိုကြီးလို့ခေါ်ကြပြီး ရှီ လို့အမည်ရတဲ့ ဩဇာကြီးခက်ထန်တဲ့ သူဌေးကြီးတစ်ယောက်ပါပဲ။ အဲ့ဒီသူဌေးကြီးဟာ ကလေးငယ် လျောင်ဂျေးကိုမြင်တွေ့တဲ့အခါ သူ့ အတိတ်ကိုမြင်မိသလို၊ ဆုံးပါးသွားတဲ့ သူ့သားဖြစ်သူကိုလည်းမြင် ယောင်ပါတယ်။ အဲ့ဒီလိုနဲ့ပဲ သူဌေးကြီး ရှီဟာ လျောင်ဂျေးကို အနီးကပ် ပေါင်းရင်း လေ့လာရင်းနဲ့ အဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာတွေကို သူ့ဘ၀နဲ့ ချိန်ထိုးရင်း သင်ကြားပေးဖြစ်လာပါတော့တယ်။ ၃၆ ကြိမ်မြောက်တိုကျိုရုပ်ရှင်ပွဲတော်မှာ ပွဲဦးထွက်ပြသခဲ့တဲ့ ဒီဇာတ်ကား ဟာ Golden Horse ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ဆုပေါင်းခုနှစ်ဆု ဆန်ကာ တင်ဝင်ခဲ့ပြီး၊ ဒါရိုက်တာဆု၊ဇာတ်ပို့မင်းသား/မင်းသမီး အစရှိတဲ့ အဓိကဆု ကြီးလေးဆုရရှိခဲ့ပါတယ်။ အမျိုးအစားက ဒရာမာဆိုပေမယ့် ဇာတ်လမ်း စကတည်းက ပျင်းစရာလုံး၀မရှိပဲ ထိုင်ရာမထကြည့်ချင်အောင်ဆွဲဆောင် နိုင်တဲ့ဇာတ်ကားကောင်းပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်) File Size……….(1.76 GB) / (775 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 52Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror Translator…….Alias Encoder……….SWM