
ကိုရီးယားအမျိုးသမီးငယ်လေး မီဂျာနဲ့ သူ့ရဲ့မိတ်ဆွေထူးဆန်းတဲ့သတ္တဝါကြီး အုတ်ဂျာတို့ရဲ့အကြောင်းကို ဇာတ်အိမ်ဖွဲ့ထားတာပါ။ အသက်(၁၃)နှစ်အရွယ် မိဘမဲ့မိန်းကလေး မီဂျာဟာအဘိုးဖြစ်သူနဲ့ တောင်ကိုရီးယားက တောင်တန်းတစ်ခုမှာနေထိုင်ပြီး သူ့ရဲ့တစ်ဦးတည်းသော အဖော်လည်းဖြစ်၊သူငယ်ချင်းလည်းဖြစ်သူ အုတ်ဂျာဆိုတဲ့ အနေအေးပြီးထူးခြားကြီးမားတဲ့ဝက်ကြီးတစ်ကောင်ပါ။ မီဂျာနဲ့ အုတ်ဂျာဟာတောင်တန်းတွေ၊ တောတွေထဲ အတူလျှောက်သွားကစား ကြရင်း မခွဲအတူနေထိုင်ကြပြီး အိပ်ရင်တောင် အတူတူပါ။ တစ်ရက်မှာတော့ သူတို့နှစ်ယောက်ရဲ့ ပျော်ရွှင်ကြည်နူးစရာ ကမ္ဘာလေးပျက်သုဉ်းဖို့ ဖြစ်လာခဲ့ပါတယ်။ အဲဒါကတော့ အုတ်ဂျာ ထူးဆန်းစွာနဲ့ ပျောက်ဆုံးသွားတာကြောင့်ပါ။ တကယ်တော့ အုတ်ဂျာကို မီရန်ဒိုစီးပွားရေးလုပ်ငန်းစုကြီးကနေ သူတို့သဘောနဲ့သူတို့ ဖမ်းဆီးသွားတာဖြစ်ပြီး နယူးယောက်ကို ပို့ဆောင်ခဲ့ပါတယ်။ မီရန်ဒိုကော်ပိုရေးရှင်းဟာ အသားထုတ်လုပ်မှုတွေ ပိုမိုတိုး မြှင့်နိုင်ဖို့အတွက် အုတ်ဂျာကို သုတေသနလုပ်ရအောင်လို့ ဖမ်း ဆီးသွားတာဖြစ်ပါတယ်။ အုတ် ဂျာနဲ့ မခွဲအတူနေခဲ့တဲ့ မီဂျာဟာ သူ့အချစ်ဆုံးသူငယ်ချင်းကို အိမ် ပြန်ခေါ်လာနိုင်ဖို့ ကြိုးပမ်းပါတော့ တယ်။ အဲဒါနဲ့ မီဂျာဟာ အုတ်ဂျာရှိ တဲ့ မီရန်ဒိုကော်ပိုရေးရှင်းကို လိုက်သွားပြီး ကယ်ဆယ်နိုင်ဖို့ လုပ် ဆောင်ရင်း တိရစ္ဆာန်အရေးလှုပ် ရှားသူတွေနဲ့ပါ ပေါင်းမိခဲ့ပြီး အုတ်ဂျာကို ကယ်ဆယ်နိုင်ရေး လုပ် ဆောင်ခဲ့ပါတယ်။ အုတ်ဂျာအတွက်နဲ့ နယူး ယောက်ကို လိုက်သွားတဲ့ မီဂျာ ဘယ်လိုအခက်အခဲတွေရင်ဆိုင် ရမှာလဲ။ အုတ်ဂျာကိုကော အချိန် မီကယ်တင်နိုင်မှာလား။ သူချစ်တဲ့ အုတ်ဂျာကို မူလနေရပ်ဆီ ပြန် ခေါ်သွားနိုင်မှာလားဆိုတာ ဆက် ကြည့်လိုက်ဦးနော်။ ခါတိုင်းကြည့်နေကျ ကိုရီး ယားဇာတ်လမ်းတွေလိုမဟုတ်တဲ့ ဇာတ်အိမ်လေးနဲ့မို့ ပရိသတ်တွေ သဘောကျမယ်ထင်ပါတယ်။ ဒီဇာတ်ကားမှာ မီဂျာအဖြစ် အန်းဆိုဟွန်းက အဓိကပါဝင် သရုပ်ဆောင်ထားပြီး တီလ်ဒါဆွင် တန်၊ ပေါလ်ဒါနို၊ ဂျိတ်ဂျီလင်ဟော စတဲ့ကိုရီးယား၊ အမေရိကန်သရုပ်ဆောင်များစွာ ပါဝင်ထား ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ (http://www.7daydaily.com) မှကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်သူကတော့ Khin Pyae Twinlay ပဲဖြစ်ပါတယ်) File Size : (903 MB) Quality : 720p Webrip Running Time : 1hr 58minutes Format : Mp4 Genre : Action, Adventure, Drama Translated By Khin Pyae Littletwinlay Encode By Thanhtike Zaw