
Office (2015) **************** IMDb… 6.0 Channel Myanmar ရဲ့ Korean Movie ကြိုက်နှစ်သက်သူ ပရိသတ်တွေအတွက် 2015 ခုနှစ်က ထွက်ရှိထားတဲ့ Thriller ဇာတ်ကားလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ မင်းသားကြီး Park Sung-woong , Bae Seong-woo နဲ့ မင်းသမီး Go Ah-sung တို့ အဓိကအနေနဲ့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ -ဇာတ်လမ်းအညွှန်း- အစားအသောက်ကုမ္ပဏီတစ်ခုမှာ မန်နေဂျာအဖြစ် လုပ်ကိုင်နေတဲ့ Kim Byeong-Gook (Bae Sung-Woo)ဟာ အလုပ်မှာ အားကိုးရပြီးတော့ မိသားစုကိုလည်း ချစ်မြတ်နိုးတဲ့လူတစ်ယောက်ပါ။ ဒါပေမဲ့ တစ်ရက်မှာတော့ အလုပ်ကနေ အိမ်ကို ပြန်အရောက်မှာ ရုတ်တရက် သူ့ရဲ့ မိသားစုတစ်ခုလုံးကို တူနဲ့ ရက်ရက်စက်စက်သတ်ဖြတ်လိုက်ပါတယ်။ Jong-Hoon (Park Sung-Woong) ဦးဆောင်တဲ့ စုံထောက်အဖွဲ့ဟာ ဒီအမှုနဲ့ပက်သက်ပြီး သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို စစ်ဆေးမေးမြန်းတဲ့အခါမှာ Kim Byeong-Gook နဲ့ အနီးကပ်ဆုံးဖြစ်တဲ့ အလုပ်သင်လေး Lee Mi-Rye (Ko Ah-Sung) အပြင် ဘယ်သူကမှ အသေးစိတ်တိတိကျကျ မဖြေကြားနိုင်ဘဲ တစ်ခုခုကို ဖုံးကွယ်ထားဟန်ရှိနေကြပါတယ်။ ဆိုက်ကိုဖောက်နေတဲ့ လူသတ်သမားတစ်ယောက်ကြောင့် ကုမ္ပဏီအတွင်းက လူတွေ တစ်ယောက်ပြီး တစ်ယောက် အသတ်ခံလာရတဲ့အခါမှာတော့.. ကုမ္ပဏီဝန်ထမ်းတွေရဲ့ စိုးရိမ်ပူပန်မှုတွေ၊ လုပ်ငန်းခွင်ဝင်နေကြတဲ့ လူတွေကြားထဲက နိုင့်ထက်စီးနင်းလုပ်မှုတွေကို စိတ္တဇဆန်ဆန်နဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုသွားရမဲ့ဇာတ်ကားလေးဖြစ်တာကြောင့် ခံစားကြည့်ရှုလိုက်ကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Yati Naing မှ ရေးသားထားပါတယ်။) File Size : 1.43GB/ 610MB Quality : WEB_DL 1080p/ 720p Format…mp4 Duration…01:51:00 Genre : Thriller, Mystery, Horror, Psychological Subtitle : Myanmar Subtitle (Hard Sub) Translated by ToeTe Aung & Yati Naing Encoded by Tiff
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1,43GB | Download | |
| 1080p | 1,43GB | Download | |
| 1080p | 1,43GB | Download | |
| 1080p | 1,43GB | Download | |
| 720p | 610MB | Download | |
| 720p | 610MB | Download | |
| 720p | 610MB | Download | |
| 720p | 610MB | Download | |
| 720p | 610MB | Download |