
Ode to the Goose (2018) *************************** 2018 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Ode to the Goose ရုပ်ရှင်ဇာတ်ကားကို ကိုရီးယား-တရုတ်ကပြား ဒါရိုက်တာ Zhang Lu ရိုက်ကူးထားပြီးတော့ အဓိက သရုပ်ဆောင်တွေအနေနဲ့ Moon So-ri, Park Hae il တို့နဲ့ အတူ Park So-dam,Jung Eun-chae နဲ့အခြားနာမည်ကြီးသရုပ်ဆောင်တွေမှလည်း ပါဝင်အားဖြည့်ပေးထားပါတယ်။ ဒီဇာတ်ကားလေးဟာ မြင်နေကျ ဇာတ်ကားလေးတွေနဲ့ မတူဘဲနဲ့ လူတွေရဲ့ခံစားချက်ကို ကဗျာဆန်ဆန် အနုပညာဆန်ဆန်ဖော်ပြချက်တွေနဲ့အတူတူ သွယ်ဝိုက်ပြီးရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း **************** မသာယာတဲ့ အိမ်ထောင်ရေးကနေ လတ်တလောမှလွတ်မြောက်လာတဲ့ အမျိုးသမီးတစ်ဦးဖြစ်တဲ့ ဆုန်းဟျွန်း (Moon So-ri) နဲ့ သူ့ရဲ့ခံစားချက်တွေကို ဖုံးကွယ်ထားလေ့ရှိတဲ့ကောင်လေး ယွန်းယောင်း (Park Hae il)တို့ရဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ယွန်းယောင်းဟာ သူ့ရဲ့မရီးဖြစ်သူ ဆုန်းဟျွန်းကို သဘောကျနေခဲ့သူဖြစ်ပါတယ်။ ဆုန်းဟျွန်းတစ်ယောက်ကွာရှင်းပြီးတဲ့နောက် သူတို့နှစ်ဦးပိုပြီးရင်းနှီးလာကြပြီး တစ်နေ့ မူးမူးရူးရူးနဲ့ ဂွန်းဆန်းမြို့ကို နှစ်ယောက်သား ခရီးထွက်လာခဲ့ပါတယ်။ အော်တစ်ဇင်သမီးလေးတစ်ယောက်ရှိတဲ့ သူဌေး ဦးစီးတဲ့ တည်းခိုခန်းငယ်လေးမှာ သူတို့ တည်းခိုကြရင်းနဲ့ ပေါ်ပေါက်လာတဲ့ အထင်လွဲမှုတွေ, ခံစားချက်တွေ, ဖြစ်ချင်တဲ့ဆန္ဒတွေကို ကဗျာဆန်ဆန်ဖော်ပြထားပါတယ်။ ဒီဇာတ်ကားဟာ မြင်နေကျဇာတ်ကားတွေနဲ့ မတူဘဲနဲ့ စကားနဲ့ပြောပြလို့မရနိုင်တဲ့ ရသမျိုးစုံကို ပေးစွမ်းနိုင်တဲ့ ဇာတ်ကားတစ်ပုဒ်ဖြစ်တဲ့အတွက် ပရိသတ်ကြီး အနေနဲ့ ကိုယ်တိုင်ကြည့်ရှု့ပြီး စုံလင်တဲ့ရသမျိုးစုံကို ဝင်ခံစားကြည့်လိုက်ကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Pan Hsuက ရေးသားထားပါတယ်) File Size – 1.89 GB/ 615 MB Quality – WEB-DL 1080p/ 720p Duration – 2h 2m Format – mp4 Genre – Drama, Romance Subtitle – Myanmar Subtitle (Hard Sub) Translated by – Pan Hsu Encoded by – Treasure Htet
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | 615 MB | Download | |
| 720p | 615 MB | Download | |
| 720p | 615 MB | Download | |
| 720p | 615 MB | Download | |
| 720p | 615 MB | Download | |
| 1080p | 1.89 GB | Download | |
| 1080p | 1.89 GB | Download | |
| 1080p | 1.89 GB | Download | |
| 1080p | 1.89 GB | Download |
ထုတ်လွှင့်သည့်နေ့
November 8, 2018
ကြာချိန်
2h 2m
အဆင့်သတ်မှတ်ချက်
8.4 / 10
Director
Zhang Lu