
ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ မသိသူမရှိတဲ့ထုတ်လုပ်ရေးကြီးဖြစ်တဲ့ "Disneyနဲ့ Hotstar" တို့က ပူးပေါင်းပြီးရိုက်ကူးထားတဲ့ O Kalaဆိုတဲ့ တေလဂူ အချစ်ရိုမန့်စ်ကားကောင်းလေးပဲဖြစ်ပါတယ် ထုတ်လုပ်ရေးအပိုင်းကလည်းရှယ်ဖြစ်သလို အော်စတာဆုရဒါရိုက်တာ Ss Rajamouliကိုယ်တိုင်က First Lookကိုထုတ်လွှင့်ခဲ့တာဖြစ်ပြီး Deepak Kolipakaဆိုတဲ့ အရည်ချင်းရှိဒါရိုက်တာကရိုက်ထားတာလည်းဖြစ်ပါတယ် ဒီကားရဲ့အဓိကခေါင်းဆောင်တွေအနေနဲ့ကတော့ မင်းသားနေရာမှာ အောင်မြင်မှူတွေနဲ့အလားအလာရှိပြီးသရုပ်ဆောင်ရာမှာ စိတ်အားထက်သန်တဲ့ မင်းသား Gourish Yeleti နဲ့ မင်းသမီးနေရာမှာကတော့ မြန်မာနိုင်ငံမှာလူသိများတဲ့ "လေဆန်တိုးမယ့်မညှိုးပန်း"ဇာတ်ကားထဲက စောမြရဲ့ညီမအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Roshni Sahotaတို့ပဲဖြစ်ပါတယ် ဇာတ်လမ်းရဲ့အစမှာတော့ "ဟာရီကာ" ကစိတ်ဓါတ်ကျပြီး သတ်သေဖို့အထိတောင်တွေးနေတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီး မသေခင်အကြောင်းအရင်းတစ်ခုကြောင့် ဘားကိုသွားရာမှ " ဟာရှာ "ဆိုတဲ့ကောင်လေးနဲ့ တွေ့ပြီးဘဝဇာတ်ကြောင်းတွေကို ဖလှယ်ခဲ့ကြပါတယ် မူလအစကတော့ ဟာရီကာက ယုံကြည်မှူအပြည့်နဲ့ စွန့်စားလိုစိတ်ရှိတဲ့ခေတ်လူငယ်တစ်ဦးဖြစ်ခဲ့ပြီး သူ့အတန်းဖော်တစ်ယောက်နဲ့ ကုမ္ပဏီတစ်ခုတည်ထောင်ခဲ့ကာ အိုးချင်းထားအိုးချင်းထိပြီး ချစ်ကြိုးသွယ်ခဲ့ကြပါတယ် အချစ်ရေးရောရှေ့ရေးပါ အဆင်ပြေနေတဲ့သူ့ဆီမှာ မမျှော်လင့်ထားတဲ့ ကံကြမ္မာဆိုးကဝင်မွှေတဲ့အခါ ဟာရီကာ ဘယ်လိုဖြေရှင်းမလဲ သူကြုံလိုက်ရတဲ့ ကံကြမ္မာဆိုးကဘာလဲ သူရင်ဖွင့်သမျှကိုစိတ်ရှည်ရှည် နားထောင်ပေးနေတဲ့ ဟာရှာဆိုသူကရော ဘယ်လိုနောက်ကြောင်းတွေရှိနေမလဲ ဘာရည်ရွယ်ချက်နဲ့သူ့အနားကပ်လာသလဲ သူတို့နှစ်ယောက်ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ရင်ခုန်စွာကြည့်ရှူ့ရမှာဖြစ်ပါတယ် File size…1.7GB / 700MB Quality…1080p NF WEB DL /720p Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Yunni~ Khin Khin
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.7GB | Download | |
| 720p | 700MB | Download | |
| 1080p | 1.7GB | Download | |
| 720p | 700MB | Download |