
Rating အမြင့်တွေ၊ ဝေဖန်ချက်ကောင်းတွေချည် းရထားတဲ့ Adult Art flim တစ်ခု ဖြစ်ပြီး နာမည်ကျော်ဒါရိုက်တာ Lars Von Trier ရဲ့ အကောင်းဆုံး လက်ရာတွေထဲက တစ်ကားဖြစ်ပြီး ရှည်လွန်းလို့ နှစ်ကား ခွဲထားရတဲ့ Nymphomaniac Vol-1 ပထမကားရဲ့ အဆက် Volume 2 ပါ။ Volume 1 နောက်ဆုံးမှာ လိင်ပိုင်းဆိုင်ရာ အာရုံခံစားမှုတွေ ပျောက်သွားတဲ့ ကာမစိတ်လွန်ကဲနေတဲ့ ဂျိုးတစ်ယောက် သူ့ရဲ့ ကာမခံစားမှုတွေနဲ့ orgasm ကို ပြန်ရဖို့အတွက် အားသွန်ခွန်စိုက် ကြိုးစားရင်း ဖြစ်လာခဲ့တဲ့ စိတ်ဝင်စားဖွယ်ရာ ဖြစ်ရပ်တွေ၊ ခံစားချက်တွေကို အဘိုးကြီးကို ပြန်ပြောင်းပြောရင်း ရင်ဖွင့်လိုက်ပါတယ်။ သိုင်းချတဲ့အခန်းတွေတော့ အများကြီးမပါတော့ပေမဲ့ ဇာတ်လမ်းကတော့ အရမ်းကိုကောင်းသထက်ကောင်းရင်း ပြီးသွားတဲ့အထိကို ဇာတ်ရှိန်ကျမသွားတဲ့ တကယ်ကိုကောင်းမွန်တဲ့ Art Film တစ်ခုပါပဲ။ ဂျိုးနဲ့အဘိုးကြီးရဲ့စကားဝိုင်းကလည်း တချိန်လုံးနီးပါး စကားလုံးအမြင့်တွေကိုပဲ သုံးထားပြီး လူ့အသိုင်းအဝိုင်းက သတ်မှတ်ထားတဲ့ စံတွေကို ချိုးဖောက်တဲ့ အယူအဆတွေ၊ ရှုထောင့်တွေကို သေသေသပ်သပ် ထည့်သွင်းနိုင်တာကလည်း ဇာတ်လမ်းကို ပိုတောင်ကြွသွားစေပါတယ်။ နာမည်ကျော်မင်းသားကြီး William Dafoe တောင်မှ scene နှစ်ခုလောက် ပါဝင်အားဖြည့်ထားပါတယ်။ ခံစားချက်အမျိုးမျိုးကို ပေးစွမ်းနိုင်တဲ့ သိပ်ကောင်းတဲ့ 21+ကားလေးကိုတော့ လက်လွှတ်မခံဘဲကြည့်ရှုလိုက်ပါတော့။ File Size : 4.3GB, 1.2GB,495MB Quality : 1080p Blu-ray AC3 5.1CH, 720p Blu-ray, 480p Format : mp4, mkv Duration : 2hr & 4mins Genre : Adult, Drama Translated by 333 Encoded by DevilDad
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 4.3GB | Download | |
| 720p | 1.2GB | Download |