
Conjuring ဇာတ်ကားတွေနဲ့လူသိများတဲ့ မင်းသမီးကြီး Vera Farmiga နဲ့ မင်းသမီးချော Kate Beckinsale တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Nothing But Truth ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီဇာတ်ကားလေးရဲ့အစမှာ အမေရိကန်သမ္မတလုပ်ကြံခံရတာနဲ့အစချီထားပါတယ်။ ကံကောင်းတယ်ပဲပြောရမလား ဆိုးတယ်ပဲပြောရမလား လုပ်ကြံခံရတဲ့ သမ္မတမသေဘဲ ဗင်နီဇွဲလားနိုင်ငံက သူ့ကိုလုပ်ကြံတာနဲ့ပတ်သတ်နေပါတယ်ဆိုပြီး ဗင်နီဇွဲလားနိုင်ငံရဲ့ စစ်တပ်အခြေစိုက်စခန်းတွေကိုဗုံးကြဲလိုက်ပါတော့တယ်။ ဒါပေမယ့်အမှန်တကယ်မှာ ဗင်နီဇွဲလားဟာ သူ့ကိုလုပ်ကြံတာနဲ့ဘာမှဆိုင်မနေဘဲ သမ္မတက CIAထောက်လှမ်းရေး ဘက်ကအစီရင်ခံတာကိုပယ်ချပြီး လုပ်ချင်တာလုပ်လိုက်တာမျိုးပါ။ ဒါကို ရေချယ်အမ်းစထောင်းဆိုတဲ့ သတင်းထောက်က လူထုဆီကိုဖော်ထုတ်ချပြလိုက်ပါ တော့တယ်။ နိုင်ငံနဲ့ချီပြီးကြီးတဲ့ ကိစ္စဖြစ်တဲ့အပြင် သေချာလုံခြုံရေးချမှတ်ထားတဲ့ လျှို့ဝှက်အချက်အလက်တွေပေါက်ကြားသွားတာမို့ CIAဘက်က ရေချယ့်ကို သတင်းပေးတဲ့ လူကိုအသည်းအသန်လိုက်ရှာကြပါတော့တယ်။ ရေချယ်တစ်ယောက် ဒီသတင်းကိုရေးမိတဲ့အတွက် ဘာတွေကြုံရမလဲ… CIAဘက်ကရော ဘယ်လိုတွေလှုပ်ရှားကြမလဲ… ဒီသတင်းကိုပေးတဲ့သူကရောဘယ်သူလဲ စတာတွေကိုဇာတ်ကားထဲမှာမြင်တွေ့ရမှာပါ။ ဇာတ်လမ်းကိုပုံမှန်လေးပဲဆွဲခေါ်သွားပြီး plot twist လိုမျိုးလေးလည်းပါတာမို့ နောက်ဆုံးခန်းမှာအံ့ဩသွားကြရမှာပါ။ ဘာများဖြစ်မလဲဆိုတာကတော့ ဇာတ်ကားထဲမှာပဲဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦး။ File size…3.85GB / 987MB Quality…Blu-Ray 1080p 5.1 CH / 720p Format…mp4 Duration….1h 48m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse
| Provider | Resolution | File Size | |
|---|---|---|---|
| 1080P | 3.85GB | Download | |
| 1080P | 3.85GB | Download | |
| 1080P | 3.85GB | Download | |
| 1080P | 3.85GB | Download | |
| 720P | 987MB | Download | |
| 720P | 987MB | Download | |
| 720P | 987MB | Download | |
| 720P | 987MB | Download | |
| 720P | 987MB | Download |