
ဒီကားလေးက 2021 ထွက် comedy/drama ကားကောင်းလေးပါ။ rating လည်း ထိုက်သင့်သလောက် ကောင်းကောင်းရထားတဲ့ ဇာတ်လမ်းလေးပါ။ comedy ဆိုတာထက် drama ဘက် ပိုယိမ်းပါတယ်။ ဇာတ်လမ်းအကျဉ်း ================== လောစ့်အိန်ဂျလိစ့် ၊ North Hollywood ဆိုတဲ့ မြို့ကလေးက ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ရဲ့ ဘဝနဲ့ သူပြေးလိုက်တဲ့ အိပ်မက်အကြောင်းရိုက်ထားတာပါ။ အထက်တန်းကျောင်းသားတစ်ဦးဖြစ်သူ မိုက်ကယ် ရူးရူးမူးမူးဖြစ်ချင်တာကတော့ ပရို စကိတ်စီးသမားတစ်ယောက်ပါ။ သို့သော် အမိမဲ့သား မိုက်ကယ်ရဲ့ စကိတ်သမားဖြစ်ချင်တဲ့ ရည်ရွယ်ချက်ကို သဘောမတူတဲ့ သူ့အဖေကတော့ မိုက်ကယ်ကို အထက်တန်းကျောင်းပြီးတာနဲ့ ကောလိပ်ကို ဆက်တက်ပြီး ပညာရေးကိုရှေ့ဆက်စေချင်တာပါ။ မိုက်ကယ်ကတေ့ာ သူဖြစ်ချင်တဲ့ စကိတ်သမားဖြစ်လာဖို့ ဘာကိုမဆို စတေးရ စတေးရ အဆင်သင့်ဖြစ်နေသူတစ်ဦးပါ။ ဇာတ်က အေးပါတယ်။ ဒါပေမယ့် ဇာတ်ကားမဆန်ဘဲ တကယ့်အပြင်က reality တစ်ခုကို ပြထားသလို ခံစားရမှာပါ။ ဆယ်ကျော်သက် လူငယ်တစ်ဦးရဲ့ ဖြစ်ချင်တဲ့ စိတ်ဆန္ဒနောက်ကို ပြေးလိုက်တဲ့ ခရီးလမ်းမှာ မိသားစု ၊ မိတ်ဆွေသူငယ်ချင်းတွေရဲ့ အရေးပါမှု ဒါတွေကို လက်တွေ့ဆန်စွာခံစားကြည့်ရှုရပါမယ်။ File size…1.26GB / 547MB Quality…1080p WEB DL AAC5.1CH / 720p Format…mp4 Duration….1h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |