
Nodidavaru Enantare 2025 (ကိုယ့်ကိုယ်ကို ရှာဖွေခြင်း) လူတစ်ယောက်အတွက် အရေးအကြီးဆုံးက ဘာဖြစ်မလဲ.. မိသားစုလား လူ့အသိုင်းအဝိုင်းလား အချစ်လား အလုပ်လား ပိုက်ဆံလား ပျော်ရွှင်မှုလား.. နေ့စဉ်ရှင်သန်နေတဲ့ဘဝမှာ အမျိုးမျိုးသော အကြောင်းအရင်းတွေကြောင့် စိတ်ဖိစီးမှုတွေ ကိုယ်စီရှိကြတယ်.. အခုတင်ဆက်ပေးမယ့် ဇာတ်ကားလေးထဲက ဆစ် ဆိုတဲ့ လူတစ်ယောက်က မိဘနဲ့လည်း အဆင်မပြေ၊ စိတ်တူကိုယ်တူဖြစ်ပြီလို့ထင်ထားတဲ့ ချစ်သူကလည်း လက်ထပ်ခွင့်တောင်းတဲ့နေ့မှာပဲ လမ်းခွဲသွားတာကြောင့် အသည်းကွဲပြီး အလုပ်ထဲမှာလည်း အဆင်မပြေမှုတွေနဲ့ စိတ်ဖိစီးနေရတဲ့အပြင် ကိုယ်လိုရာပုံသွင်းပြီး ပြောဆိုဝေဖန်တတ်ကြတဲ့ လူ့အသိုင်းအဝိုင်းကိုလည်း အမြင်မကြည်ဖြစ်လာခဲ့ပါတယ်။ ဆစ်တစ်ယောက် ဒါတွေကို သည်းမခံနိုင်တဲ့အဆုံးမှာတော့ ဒီစိတ်ဖိစီးမှုတွေရဲ့ ဝေးရာကို ထွက်ပြေးဖို့ကြိုးစားရင်း သူဖြစ်ချင်သလို ကိုယ့်ကိုယ်ကို ရှာဖွေတွေ့ရှိသွားမလား… ဘယ်လိုအခက်အခဲတွေနဲ့ ထပ်ကြုံလာရဦးမလဲဆိုတာကိုတော့ စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်.. အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်..