
နာမည်ကြီးcrime thriller စာအုပ်ဖြစ်တဲ့ Nightmare Alley နဲ့ 1947 ခုနှစ်ထွက် ရုပ်ရှင်ကားကြီးကို Remake ပြန်လည်ရိုက်ကူးထားတဲ့Nightmare Alley (2022)ထွက်ရှိလာပါပြီ Cast တွေအနေနဲ့ Bradley Cooper, Cate Blanchett, Toni Collette , Willem Dafoeတို့လို နာမည်ကြီးcastတွေ ပါဝင်ထားတာဖြစ်ပြီး IMDb 7.4 ,Rotten Tomatoes 80% ရရှိထားတဲ့ ရုံတင်ကားကြီးပဲ ဖြစ်ပါတယ် အတိတ်ရဲ့အရိပ် အမြဲစိုးမိုးခံထားရတဲ့ စတန်တန်ကာလာဟာ ထိုအရိပ်မှရုန်းထွက်ကာ နယ်လှည့် Carnivalအဖွဲ့ထဲ ဝင်ရင်း ဘဝသစ်တစ်ခုကို စဖို့ကြိုးစားခဲ့ပါတယ်၊ထိုအဖွဲ့မှာလိုက်ပါရင်း သူ့မှာပါရမီတစ်ခုရှိမှန်း သဘောပေါက်သွားပါတယ်၊ အဲဒီပါရမီ ကတော့ လူ့ကြင်အင်လက္ခဏာကို အမြန်ဖတ်တတ်တဲ့ ပါရမီပါ၊ ဒီပါရမီကိုအသုံးချရင်း သူ့ကိုယ်သူ စိတ်စွမ်းအားရှင်ဆိုတဲ့ပုံစံ ကတုံးပေါ်ထိပ်ကွက်၊ သူများမျက်ခုံးမွေးပေါ် စင်္ကြံလျှောက်ရင်း ကိုယ့်ကိုယ်ကိုယ် တကယ်ပဲအစွမ်းရှိသူလို့ ထင်လာတဲ့အခါမှာ မလုပ်သင့် မလုပ်ထိုက်တဲ့ မကောင်းမှုတစ်ခုကို စိတ်ပညာမှာ သူ့လိုပဲထူးချွန်တဲ့ လီလစ်ဆိုတဲ့သူနဲ့ ပူးပေါင်းလုပ်ဖို့ ကြံစည်တဲ့ အခါမှာ... သူ့ရဲ့အတိတ်ကဖြစ်ရပ်ဆိုးက ဘာလဲ ၊ သူ့ရဲ့ပါရမီကို ဘယ်လို ပုံစံမျိုး အသုံးချပြီး တစ်ပါးသူကို လိမ်လည်လှည့်စားမလဲ လီလစ်ဆိုတဲ့အမျိုးသမီးကရော သူ့အတွက် တကယ်မိတ်ဆွေစစ် ဖြစ်နေမလား၊ ဒါမှမဟုတ် လူပါးပုလင်းထိ ဖြစ်သွားမလားဆိုတာ HBOmaxက လွှင့်တဲ့ဇာတ်ကားဆိုသလို settingအကောင်းစား Castအကောင်းစားတွေနဲ့ 1940 vibeအပြည့်ရအောင် ဖန်တီး ထားတဲ့ဇာတ်ကားကောင်းကြီး ဖြစ်သလို ခန့်ညားချောမောဆဲ ဖြစ်တဲ့ Bradley Cooperနဲ့ အခုချိန်ထိ လှမြဲလှဆဲ မင်းသမီးကြီး Cate Blanchettတို့ရဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ အားပြိုင်မှုတွေကို ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ် File size…(2.7 GB)/(1 GB)/( Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:30:00 Genre...Drama, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by JimX and Mr. Anderson
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |