
Nickel Boys (2024) IMDb Rating (7.3) / Rotten Tomatoes (90%) ဒီဇာတ်ကားတော့ ၁၉၆၀ နောက်ပိုင်းမှာ အမေရိကန်နိုင်ငံရဲ့ ပြည်တွင်းတစ်နေရာဖြစ်တဲ့ ဖလော်ရီဒါမြို့မှာဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကိုအခြေခံပြီးတော့ ရိုက်ကူးထားတာဖြစ်ပါတယ်။ အဲဒီအချိန်မှာတုန်းက လူမည်းတွေဟာ လူဖြူတွေနဲ့ တန်းတူအခွင့်အရေးကို စတင်တောင်းဆိုချိန် ပြည်တွင်းလှုပ်ရှားမှုတွေ ဆန္ဒပြနေတဲ့အချိန်ဖြစ်ပါတယ်။ ထိပ်တန်းလျှို့ဝှက်ချက်ကတစ်ခုဖြစ်လို့ နှစ်ပေါင်း ၅၀ ကျော်အောင် ထိန်းသိမ်းလာခဲ့ရတဲ့ လုပ်ကြံသတ်ဖြတ်မှုကြီးသုံးခုထဲက တစ်ခုဖြစ်တဲ့ ပြည်တွင်းလှုပ်ရှားမှုဦးဆောင်ခဲ့သူ လူမည်းတစ်ယောက်ဖြစ်တဲ့ ဒေါက်တာမာတင်လူသာကင်း ရဲ့ လှုပ်ရှားမှုတစ်စေ့တစောင်း ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ၁၉၆၀ နှောင်းပိုင်း အမေရိကမှာ လူမည်းတွေပေါများလာခဲ့တဲ့အချိန် နစ်ကယ်အကယ်ဒမီ လို့ ခေါ်တဲ့ လူမည်းလူငယ်တွေကို ပြုပြင်ထိန်းသိမ်းတဲ့ကျောင်းတစ်ခုရှိခဲ့ပါတယ်။ ဒီကျောင်းဟာတော့ အပြင်ပန်းမှာတော့ ငွေကြေးမတတ်နိုင်တဲ့ကျောင်းသားတွေ ထူးချွန်ပေမယ့်လည်း ဘဝအခွင့်အရေးမပေးတဲ့ လူမည်းတွေကို လူမည်းတွေသီးသန့်အခွင့်ရေးပေးတဲ့ဘော်ဒါကျောင်းအဖြစ် ရည်ရွယ်ထားခဲ့တာပါ။ ဒါပေမဲ့ဖြစ်ချင်တော့ အဲဒီကျောင်းဟာ လူအများသိသလို ပရဟိတကျောင်း ဟုတ်မနေဘဲနဲ့ အတွင်းပိုင်းမှာကျောင်းသားတွေကို နှိပ်စက်ပြီး ကျွန်သဖွယ် ကျောင်းကိုဦးစည်းနေတဲ့သူတွေအတွက် အလုပ်လုပ်ပြီး ငွေရှာခိုင်းတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်နေပါတယ်။ တစ်နေ့ အယ်လ်ဝုဒ်လို့ခေါ်တဲ့ကျောင်းသားလေးဟာ အထက်တန်းကျောင်းမှာ ထူးချွန်ပြီး နစ်ကယ်အကယ်ဒမီကိုရောက်သွားခဲ့ပါတယ်။ အယ်လ်ဝုဒ်ကျောင်းထဲရောက်သွားတဲ့အခါမှာ ကျောင်းထဲကသူ့လို တခြားသူတွေ ဘယ်လိုဘဝမျိုးရောက်နေလဲဆိုတာကို ဒီဇာတ်ကားထဲမှာမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size… (6.1 GB) / (2.1 GB) / (1.8 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….02:20:06 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark