
ဒီတစ်ခေါက်မှာတော့ IMDB 6.9/10 ရရှိထားတဲ့ အသစ်ထွက် Drama ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကားနာမည်က ဂန်နူဖြစ်ပြီး ဇာတ်လမ်းကလည်း ကင်မရွန်းက ရွာလေးတစ်ရွာမှာ အချိန်ရှိတိုင်း မိန်းမကိုနှိပ်စက် လက်ပါတတ်တဲ့ ဂန်နူဆိုတဲ့ လူတစ်ယောက်ရဲ့ဘဝအချိုးအဆစ် အကြောင်းလေးပါပဲ။ နောင်တဆိုတာ နှောင်းမှ ‘တ’တယ်လို့ ဆိုကြသလို အမှားသိလို့ အမှန်ပြင်လိုက်ချိန်မှာ တစ်ချိန်က ဆိုးမိုက်ခဲ့သမျှက သင်ပုန်းချေ ကျေနိုင်ပါ့မလား။ ‘လက်ဦးဆရာမည်ထိုက်စွာ ပုဗ္ဗာစရိယ မိနဲ့ဘ’ ဆိုသလို ကလေးတစ်ယောက်ရဲ့ဘဝကို ထုဆစ်သူတွေက မွေးဖွားသူ မိဘနှစ်ဦးဆိုရင် နုနယ်တဲ့ကလေးအရွယ်မှာ အတုမြင် အတတ်သင်သလိုဖြစ်ပြီး ကြမ်းကြုတ်ရက်စက်ခြင်းကို မသင်ဘဲ တတ်မြောက်ခဲ့သူက ဂန်နူပါ။ ဒါကို တချို့က သွေးကစကားပြောတယ်လို့ ဆိုမလား၊ အဖေတူသားလို့ပဲ ခေါ်ကြလေမလား၊ ဂန်နူကတော့ ဘယ်သူ့ကိုမှဂရုမစိုက် ရက်စက်စွာ ဆိုးမိုက်တတ်သူပေါ့။ မိန်းမကို တစ်ချိန်လုံးနှိပ်စက် အားနေ ရွာကလူတွေနဲ့ ပတ်ပြီးရန်ဖြစ်နေတာကြောင့် အစိုးရက စစ်တပ်အတွက် လူသစ်စုဆောင်းရေးလုပ်တဲ့အချိန်မှာ “မင်း ဘယ်လောက်သန်မာလဲ စစ်ထဲဝင်ပြီး ပြလိုက်ပါလား”, “နိုင်ငံက မင်းရဲ့အင်အားကို လိုအပ်နေပြီ” စတဲ့ ရွာကလူတွေရဲ့ မြှောက်ပင့်စကားတွေကြောင့် ဂန်နူက စစ်သင်တန်းသွားတက်ခဲ့ပါတော့တယ်။ စစ်သင်တန်းမှာ လူသားဆန်တဲ့ လူတစ်ယောက်နဲ့ မိတ်ဆွေဖြစ်ခဲ့ရာက ဂန်နူတစ်ယောက် အပြောင်းလဲကြီး ပြောင်းလဲခဲ့ပေမဲ့ သင်တန်းပြီးလို့ ရွာကိုပြန်ရောက်ချိန်မှာ သူ့ကို ကြိုဆိုနေတဲ့အရာတွေကတော့.. (ဒီဇာတ်လမ်းရဲ့ ဇာတ်ညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(1.75 GB)/(960 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily