
New York Minute 2004 Olsen ညီအစ်မ နှစ်ယောက်ရဲ့ တစ်ခါက Teen Movie လေးနဲ့ မိတ်ဆက်ပေးပါရစေ ပေါ့ပေါပါးပါး လူငယ်ဇာတ်လမ်းလေးဖြစ်လို့ အပန်းဖြေကြည့်ရှုဖို့ အထူးသင့်တော်ပါတယ် ဇာတ်လမ်းအကျဉ်း ဂျိန်းနဲ့ရော့ဇီ ဆိုတဲ့ ညီအစ်မနှစ်ယောက်ဟာ အမြွှာတွေဖြစ်ကြပေမယ့် စရိုက်တွေဟာ ပြဒါးတစ်လမ်း သံတစ်လမ်းပါပဲ ... ဂျိန်းကတော့ ငယ်စဉ်ကတိုင်း စာကြိုးစားပြီး ဘာမဆို စီစဉ်တကျနဲ့ နေတတ်ထိုင်တတ်သူ ရော့ဇီကတော့ ပေါ့တီးပေါ့ပျက်နဲ့ ဂီတလိုက်စားသူ ကျောင်းပြေးမ တစ်နေ့တော့ ဂျိန်းက သူ့တက္ကသိုလ်ပညာရေးအတွက် ပြိုင်ပွဲတစ်ခုမှာ မိန့်ခွန်းပြောဖို့ ဖြစ်လာတယ် ။ တစ်နေ့တည်းမှာပဲ ရော့ဇီကကျ သူ့ဂီတလမ်းကြောင်းအတွက် အခွင့်အရေးရနိုင်မယ့် MV ရိုက်ကွင်းတစ်ခုကို သွားဖို့ ရှိလာပါတယ် ။ ဒီလိုနဲ့ ညီမနှစ်ယောက် ရထားတစ်စင်းပေါ် တူတူလိုက်ပါလာတဲ့ ခရီးက စလို့ .. ဂယက်တစ်သိန်းဇာတ်လမ်း စတင်ပါတယ် ... အမြွှာတွေ အများစုဟာ စိတ်တူကိုယ်တူ ဖြစ်ပြီ နှစ်ယောက်အတူဆို ကံကောင်းတတ်ကြတယ်ဆိုတဲ့ လောဂျစ်က ဒီညီအစ်မနဲ့တော့ လားလားမျှ မဆိုင်တာကို ဒီဇာတ်လမ်းမှာ မြင်ရပါလိမ့်မယ်။ ဒါ့အပြင် ချစ်စရာ Olsen ညီအစ်မရဲ့ အလှတွေကို မြင်ရဦးမှာဖြစ်လို့ ကြည်ရှုကြဖို့ တိုက်တွန်းလိုက်ရပါတယ် File size… 2.3 GB / 1.2 GB Quality… WEB Rip 1080p / 720p Format… mp4 Duration…. 1h 31m Genre ..... Teen , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Yoon Sandi Aung
ဒေါင်းလုပ်လင့်ခ်များမရှိသေးပါ
ထုတ်လွှင့်သည့်နေ့
May 7, 2004
ကြာချိန်
1h 31m
အဆင့်သတ်မှတ်ချက်
6.2 / 10
Director
Dennie Gordon