
(၂၀၂၃) ကမှ လောလောလတ်လတ်ထွက်ရှိထားတဲ့ My Valentine Crush ဆိုတဲ့ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ခရစ်စတယ်ဟာ ဆေးဝါးဖြန့်ဖြူးရေးကုမ္ပဏီတစ်ခုက အရောင်းဌာနရဲ့ ဌာနမှူးဖြစ်ပြီး ထူးချွန်ထက်မြက်တဲ့မိန်းမသားတစ်ဦးလို့ ဆိုရပါမယ်။ ဒါပေမဲ့လည်း ချစ်ရသူဆေးဗီးယားရဲ့ မရေရာမှုတွေကြောင့် စိတ်မလိုမကျစရာအချစ်ရေးတစ်ခုမှာ ပိတ်မိနေသူပါ။ ဒီလိုနဲ့ သူ့ရဲ့အထီးကျန်စရာချစ်သူများနေ့တစ်ခုမှာ အင်တာနက်လိုင်းပြတ်သွားရာကနေ အင်တာနက်ပိုင်းဆိုင်ရာနည်းပညာကျွမ်းကျင်သူ ဒါရယ်နဲ့စတွေ့ခဲ့ပါတယ်။ ဒါရယ်နဲ့တွေ့ပြီးတဲ့နောက်မှာမှ အသက်ဝင်လာတဲ့ခရစ်စတယ့်ဘဝဟာ ပျော်လို့မဆုံးခင်မှာပဲ တစ်ဖက်ကမပြတ်မသားအချစ်ရေးကြောင်း ဘေးကျပ်နံကျပ်အခြေအနေကို ရောက်သွားပါတော့တယ်။ ဒီလိုအခြေအနေတွေကို ခရစ်စတယ်ဘယ်လိုကိုင်တွယ်ဖြေရှင်းပြီး ဘယ်သူနဲ့သူ့ဘဝကို ရှေ့ဆက်သွားမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာ တွေ့ရမှာပဲဖြစ်ပါတယ်။ ဇာတ်ကားက rom-com အမျိုးအစားဖြစ်ပြီး IMDB rating အနေနဲ့ 5 အထိရရှိထားတာမို့ ပေါ့ပေါ့ပါးပါး အပန်းဖြေရင်းကြည့်ချင်သူတွေအတွက် အဆင်ပြေစေမဲ့ကားလေးတစ်ကား ဖြစ်စေမှာပါခင်ဗျာ။