
ထိုင်း Action, Drama အသစ်လေး လာပါပြီ။ လူငယ်သဘာဝကို ပေါ့ပေါ့ပါးပါးရိုက်ကူးပြသထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပြီး ဖြစ်ရပ်မှန်တစ်ခုကို အခြေခံရိုက်ကူးထားတာပါ။ ဒီဇာတ်လမ်းလေးမှာတော့ ရဲဘော်ရဲဘက်လို သူငယ်ချင်းကောင်းတွေက ဘဝအတွက် ဘယ်လောက်အရေးပါလဲ? သူတို့ကြောင့် ကိုယ့်ဘဝမှာ ဘယ်လိုအပြောင်းအလဲတွေဖြစ်သွားမလဲဆိုတာ ရိုက်ကူးပြသထားပါတယ်။ ဇာတ်လမ်းအကျဉ်း ... မိဘနှစ်ပါး သေဆုံးသွားတဲ့နောက်မှာ အဘိုးအဘွားရဲ့ အုပ်ထိန်းမှုနဲ့ ညီငယ်တွေကို စောင့်ရှောက်နေတဲ့ ဂန်း ... ကျောင်းမှာ ညီဖြစ်သူ ဂိုင်းကို အနိုင်ကျင့်တဲ့သူတွေနဲ့ အမြဲရန်ဖြစ်လေ့ရှိတဲ့ ဂန်း ... ခဏခဏရန်ဖြစ်တဲ့အဆုံးမှာ ကျောင်းထုတ်ခံရပြီး အစိုးရအထက်တန်းကျောင်းကို စာသင်နှစ်ဝက်မှာ ကျောင်းပြောင်းခဲ့ရတယ်။ ကျောင်းပြောင်းလာတဲ့ ပတ်ဝန်းကျင်အသစ်မှာလည်း ထုံးစံအတိုင်း သူ့မှာသူငယ်ချင်းမရှိပြန်ဘူး။ သူငယ်ချင်း မလိုအပ်ဘူးလို့ အမြဲပြောတတ်တဲ့ ထောင့်မကျိုးတဲ့ဂန်းကို အပေါင်းအသင်းလုပ်ချင်တဲ့သူ နည်းတယ်။ ဒါပေမယ့် ပင့်ဆိုတဲ့ အတန်းခေါင်းဆောင်ကောင်မလေးက နောက်ဆုံးမှာ သူငယ်ချင်းဖြစ်လာခဲ့တယ်။ ဂန်းကိုဆို အမြဲကြည့်မရဖြစ်နေတဲ့ အတန်းထဲက ဂါနဲ့ သူ့သူငယ်ချင်းတွေက ရောက်ရာအရပ်မှာ ရန်စတတ်တယ်။ ဒါပေမယ့် မထင်မှတ်ထားတဲ့အခြေအနေမှာ ဂန်းကို ကြည့်မရတဲ့သူတွေက ဂန်းနဲ့ရင်းနှီးသွားကြတယ်။ ဂန်းတစ်ယောက် သူငယ်ချင်းတွေရလာတဲ့နောက် သူငယ်ချင်းတွေနဲ့အတူ ဘယ်လိုဆိုးမလဲ? ရန်သူများတဲ့ဂန်းနဲ့ သူတို့သူငယ်ချင်းတစ်စု ဘယ်လိုတွေဆက်ဖြစ်မှာလဲ? သူတို့ရဲ့ သူငယ်ချင်းဘဝစတင်မှုလေးကို ဒီဇာတ်လမ်းလေးမှာ ဆက်ပြီး ကြည့်ရှုလိုက်ကြပါဦး။ (ဇာတ်လမ်းအညွှန်းကိုတော့ Hay Thar Oo က ရေးပေးထားတာပါ။) File Size : 2.1GB, 1GB, 473MB Quality : 1080p WEB-DL, 720p WEB-DL & 480p Format : mp4 Duration : 1hr & 40mins Genre : Action, Drama Translated by Hay Thar Oo & Shoon Encoded by Kinnov
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.1 GB | Download | |
| 720p | 1 GB | Download |