
ဒီကားလေးက “ အစ်မကြီး အမိအရာ” ဆိုတဲ့စကားလေးကို လုံးဝ ပုံဖော်ပြထားတဲ့ကားလေးပေါ့… သားယောက်ျားလေးမှ ဦးစားပေး နေရာပေး လူရာသွင်းတဲ့ တရုတ်တွေရဲ့ ဖိုဝါဒဓလေ့ကြီးအောက်မှာ နင်က အစ်မပဲလေဆိုတဲ့စကားတစ်ခွန်းဟာ တစ်သက်လုံးရုန်းထွက်မရအောင် ချည်နှောင်ထားတဲ့ကြိုးတစ်ချောင်းဖြစ်နေခဲ့ပါတယ်… ဒီလိုမမျှတနေတာကြီးနဲ့ ဒီလိုချည်နှောင်ထားတဲ့ကြိုးကို ဖြတ်တောက်ဖို့ရုန်းထွက်ဖို့ကြိုးစားသူကတော့ အန်းရန်ပေ့ါ သူကို မွေးတည်းက မိန်းကလေးဖြစ်လို့ဆိုပြီး မိဘရင်ခွင်ထက် အဒေါ်ရင်ခွင်မှာ ခိုလုံခဲ့ရတဲ့သူဖြစ်ခဲ့ရတယ်… သူအပျိုအရွယ်လောက်မှာ သားယောက်ျားလေးမွေးပြီး သူ့ကို မပေးခဲ့တဲ့မေတ္တာတွေကို ဒီမောင်လေးအလှည့်မှ ပေးနေတဲ့အပြင် သူ့ကိုပါ ဒီမောင်လေးအတွက် စွန့်ခြင်းမြောက်များစွာကို စွန့်ခိုင်းခဲ့တဲ့အခါသူဘယ်လိုမှ သည်းမခံနိုင်ခဲ့ပါဘူး… ဒီအချိန်မှာ သူ့ကိုတိုက်ခန်းလွှဲပေးပြီး သူ့မိဘ ၂ ပါးလုံး ရုတ်တရက်ကြီး ပျောက်ကွယ်သွားချိန်မှာ အန်းရန်တစ်ယောက် မမျှော်လင့်ထားတဲ့တိုက်ခန်းနဲ့အတူ သူမမြင်ချင်မကြည့်ချင်တဲ့ မောင်လေးပါ သူ့ဘဝထဲရောက်လာခဲ့ပါတယ်… အန်းရန်တစ်ယောက်ဟာ တိုက်ခန်းနဲ့အတူ မောင်ကိုပါ ရောင်းဖို့ပြင်ဆင်တော့တာပေါ့… အန်းရန်နဲ့ သူ့မောင်လေး ဘယ်လိုစခန်းသွားမယ်ဆိုတာ ဒါရိုက်တာက ပုံဖော်ထားပါတယ်… ဒါပေမယ့် ပရိသတ်ကြီးရော ဒီလို “အစ်မကြီးအမိရာ”ဆိုတဲ့အတိုင်း မောင်တွေညီမတွေရဲ့ အရှုပ်ထုပ်ကို အစ်မကလိုက်ရှင်းပေးရမယ်ဆိုတဲ့ အဆိုကို ထောက်ခံကြသလား…ဇာတ်ကားကြည့်ပြီးရင် အမြင်လေးတွေ ပြန်ဝေမျှသွားပါဦး~