
My Sassy Girl (2023) အချစ်ဦးဆို မြေးဦးရတဲ့အထိတောင် မမေ့ဘူးတဲ့။ ဒီဇာတ်လမ်းလေးကတော့ မထင်မှတ်ဘဲ အချစ်ဦးနဲ့ ဆုံတွေ့ခဲ့ရတဲ့ ဂီအန်နဲ့ "မိထူးဆန်း" လို့ သူ ချစ်စနိုးမှည့်ထားတဲ့ သူ့အချစ်ဦးတို့ရဲ့ ချစ်စရာအင်ဒိုဇာတ်လမ်းလေးဖြစ်ပါတယ်။ ဒီကားက အများသိကြတဲ့ Jun Ji-hyun နဲ့ Cha Tae-hyun တို့ရဲ့ My Sassy Girl ဆိုတဲ့ နာမည်ကြီးကိုရီးယားကားရဲ့ remake လည်းဖြစ်ပါတယ်။ My Sassy Girl ရဲ့ Plot ဆိုတာကလည်း ချိန၊ ဂျပန်၊ ထိုင်းစတဲ့ အာရှနိုင်ငံတွေအပြင် ဟောလီးဝုဒ်ကပါ ပြန်ရိုက်ရတဲ့အထိတောင် Adaptation တွေ Remake တွေနဲ့ လူတွေရဲ့ အသည်းနှလုံးထဲ အတော်လေးလွှမ်းမိုးနိုင်ခဲ့တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။ ဒီ အင်ဒို version မှာတော့ ဂီအန်ဆိုတဲ့ "မ"ဆို ယင်မတောင် မသန်းဖူးတဲ့ ရိုးသားတဲ့ဖိုးသခွား ကိုလူပျိုတစ်ယောက် သူ့ကြီးတော်ကြီးစီစဉ်ပေးထားတဲ့ ဘလိုင်းဒိတ်ဆီသွားမယ့်လမ်းမှာ အရက်မူးပြီး လူတွေကိုလိုက်ရစ်နေတဲ့ ဆစ်စီဆိုတဲ့ကောင်မလေးနဲ့ အမှတ်မထင်ဆုံတွေ့ခဲ့ရာကနေ ပေါ်ပေါက်လာတဲ့ အချစ်ဇာတ်လမ်းလေးကို ဂီအန့်ရှုထောင့်ကနေ ကြည့်ရှုရမှာပါ။ IMDb 7.1/10 ဆိုတော့လည်း မူရင်းကိုရီးယားကားကို ရင်ပေါင်တန်းနိုင်တယ်လို့ ပြောရလောက်တဲ့ remake ပါ။ ဘယ်အချိန်ကြည့်ကြည့် ဘယ်တော့မှရိုးမသွားတဲ့ My Sassy Girl。。。 အင်ဒို version မှာရော ဂီအန်တစ်ယောက် အချစ်ဦးကြောင့် ဘယ်လိုမျိုး မရိုးမရွတွေ ခံစားပြီး မေ့မရဖြစ်နေရဦးမလဲဆိုတာတော့。。。အားလုံးပဲ ဂီအန်နဲ့အတူ လိုက်လံခံစားကြည့်ကြပါစို့။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Xing Egg ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Drama, Romance Quality…. 1080p | 720p | 480p File size… 1.6GB | 873MB | 428MB Format… mp4 Duration…. 1h 57min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Xing Egg Encoder ..... Aaron