
အခုတစ်ခါတင်ဆက်ပေးမယ့် ဒီဇာတ်လမ်းလေးကတော့ သူငယ်ချင်းမိန်းကလေးနှစ်ယောက်ကြားကသံယောဇဉ်လေးကို သရုပ်ဖော်ထားတဲ့ ကာတွန်းစာအုပ်အား ပြန်လည်ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ rating ကောင်းကောင်းရရှိထားတဲ့ စာအုပ်ဆိုလဲမမှားပါဘူး။ ဇာတ်ကားရဲ့ နာမည်လေးအတိုင်း စိတ်ဓါတ်ကျမှူ၊ စွန့်ပစ်ခံရမှုနဲ့ စော်ကားခံရမှုတို့နဲ့ ပြည့်နှက်နေတဲ့ မာရီကိုရဲ့ဘက်မှာ ရပ်တည်ပေးတဲ့သူကတော့ သူ့ရဲ့တစ်ဦးတည်းသော ငယ်သူငယ်ချင်းဖြစ်သူ တိုမိုယိုရှီနိုပဲရှိပါတယ်။ မာရီကိုနဲ့ရှီနိုတို့ရဲ့ သံယောဇဉ်ဟာ အတော်လေးကိုနက်ရှိုင်းကြတယ်။ တစ်နေ့ဒီလိုနဲ့ မာရီကိုသေဆုံးသွားတဲ့သတင်းကို ရှီနိုကြားလိုက်ရတဲ့အချိန်မှာ သူအရမ်းကိုတုန်လှုပ်သွားခဲ့တယ်။ ရှီနိုဟာ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းကို အမှောင်ထဲကနေရုန်းထွက်ဖို့ မကူညီနိုင်ခဲ့သလို ခံစားခဲ့ရတာကြောင့် မာရီကိုရဲ့အရိုးပြာတွေကို နောက်ဆုံးခရီးတစ်ခုအတွက် လွတ်မြောက်ပေးနိုင်ဖို့ စိတ်ပိုင်းဖြတ်ပြီးတဲ့နောက်မှာတော့ ... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Tin Myo Lwin ပါ။) File Size : 1.7GB, 543MB, 263MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr 25mins Genre : Drama Translated by Zwel Zan Aung Encoded by Kinnov