
My Blood & Bones in a Flowing Galaxy (2020) ~ IMDb – 6.7/10, MyDramaList – 7.9/10 ~ ဟီးရိုး လူစွမ်းကောင်းဖြစ်ချင်တဲ့စိတ်က လူတော်တော်များများမှာ အဓိပ္ပာယ်သတ်မှတ်ချက် တစ်မျိုးစီနဲ့ ဖြစ်တည်နေလေ့ရှိပါတယ်။ ဒီဇာတ်ကားမှာတော့ ကျောင်းသား ခိရိုဆုမိ ဟမဒ ဂျူနီယာကောင်မလေးအပေါ် ကာကွယ်ပေးချင်တဲ့အကြောင်းကို သူ့ရဲ့ရည်မှန်းချက်ဖြစ်တဲ့ သူရဲကောင်းဖြစ်လိုစိတ်နဲ့ ချိတ်ဆက်ထားပါတယ်။ ခိရိုဆုမိရဲ့ အဖေဖြစ်သူက သူ့ကိုမွေးခါနီးနာရီပိုင်းအလိုမှာပဲ ရေထဲမျောပါပြီး သေဆုံးသွားပါတယ်။ အကြောင်းရင်းကလည်း ရေထဲထိုးကျနေတဲ့ကားထဲက လိုက်ပါစီးနင်းသူတွေကို ဆင်းကယ်ရင်း သူကိုယ်တိုင် နစ်သွားတာကြောင့်ပါ။ ခိရိုဆုမိဟာ ငယ်စဉ်ကတည်းက သူ့အဖေရဲ့ လူစွမ်းကောင်းဆန်ပုံတွေ စိတ်ကောင်းရှိပုံတွေကို သူ့အမေဆီကနေ ကြားခဲ့ရပါတယ်။ ဒါကြောင့်မို့ သူလည်း သူ့အဖေလို ဟီးရိုးဖြစ်ရမယ်ဆိုပြီး ခံယူထားတဲ့၊ အမှန်တရားကို လိုလားတဲ့ ဆယ်ကျော်သက်လေးဖြစ်လာခဲ့ပါတယ်။ တတိယနှစ်မှာတော့ ကျောင်းအစည်းအဝေးမှာ အနိုင်ကျင့်ခံနေရတဲ့ ဂျူနီယာလေး ခုရမိုတို ဟာရိကို ဝင်ပြီးကာကွယ်ပေးခဲ့ပါတယ်။ ဟာရိက အကြောင်းရင်းတစ်ခုကြောင့် လူတွေနဲ့ထိတွေ့ဆက်ဆံလိုစိတ်မရှိဘဲ ရန်လိုတဲ့ပုံစံဖြစ်နေခဲ့တာပါ။ ဟာရိကို ကြိုးစားပြောင်းလဲပေးဖို့လုပ်ရင်းနဲ့ သူတို့တွေရင်းနှီးလာခဲ့ပါတယ်။ ဒါပေမဲ့ ဟာရိ လျှို့ဝှက်ထားတဲ့ အကြောင်းရင်းက ရှုပ်ထွေးနေရုံမကဘဲ နှစ်ရှည်လများဖြစ်တည်လာတဲ့ အကြောက်တရားနဲ့ နှိပ်စက်ချုပ်ချယ်မှုတွေ ရက်စက်မှုတွေကြောင့်ဖြစ်နေတဲ့အခါ… (ဒီဇာတ်ကားနဲ့အညွှန်းကို Ingyin San မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.4GB, 650MB Quality – 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 2H 7Min Genre – Drama, Fantasy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.4GB | Download | |
| 1080p | 1.4GB | Download | |
| 1080p | 1.4GB | Download | |
| 1080p | 1.4GB | Download | |
| 720p | 650MB | Download | |
| 720p | 650MB | Download | |
| 720p | 650MB | Download | |
| 720p | 650MB | Download | |
| 720p | 650MB | Download | |
| 720p | 650MB | Download |