
IMDb - 6.5/10_____Rotten - 61% စာရေးဆရာမ အဂါသာ ခရစ္စတီးရဲ့ ၁၉၃၄ တုန်းက နာမည်ကျော်ဝတ္ထုကို အခြေခံပြီး ဒါရိုက်တာကဲနက်ဘရာနက် က ရိုက်ကူးထားတာပါ။ ၁၉၃၄ ဆောင်းရာသီကာလ မြင်ကွင်းနဲ့အတူ နာမည်ကျော် ဘယ်လ်ဂျီယံစုံထောက် ဟာဂျူလီပွိုင်ရော့တ်ဟာ ဂျေရုဆလင်က ခိုးမှုတစ်ခုကို ဖော်ထုတ်ပြီးနောက် ခရီးသွားပြီးအပန်းဖြေဖို့ စီစဉ်ခဲ့ပါတယ်။အဲဒါနဲ့ အစ္စတန်ဘူလ်ကို သွားခဲ့ပြီးOrient Express ရထားကုမ္ပဏီ ဒါရိုက်တာ သူ့မိတ်ဆွေဘော့နဲ့ တွေ့ဆုံခဲ့ပါတယ်။ လန်ဒန်ကနေ သံကြိုးစာရတဲ့အတွက် ပွိုင်ရော့တ်တစ် ယောက်ဘော့စီစဉ်ပေးတဲ့ရထား ခရီးစဉ်နဲ့ အရေးပေါ်အိမ်ပြန်ဖို့ ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်ပွိုင် ရော့တ်ကို ဆမ်မြူရယ်ရက်ချက် ဆိုတဲ့ အမေရိကန်သူဌေးတစ် ယောက်က သုံးရက်တာ ရထား ခရီးစဉ်အတွင်းမှာ သက်တော် စောင့်လုပ်ဖို့ကမ်းလှမ်းခဲ့ပါတယ်။ အမည်မသိပါတီတစ်ခုရဲ့ အသက်အန္တရာယ်ခြိမ်းခြောက်စာပို့ခံရတဲ့ အတွက် ပွိုင်ရော့တ်ကိုငှားတာ ဖြစ်ပေမယ့် ပွိုင်ရော့တ်ကလက် မခံခဲ့ပါဘူး။ နောက်တစ်နေ့ မနက်မှာ တော့ မစ္စတာဆမ်မြူရယ်ဟာ ဓားနဲ့အချက်ပေါင်းများစွာ အထိုး ခံရပြီး အသတ်ခံရတာကြောင့် ပွိုင်ရော့တ်ဟာဘော့နဲ့အတူ စုံစမ်းဖော်ထုတ်ဖို့လုပ်ခဲ့ပါတယ်။ အခင်းဖြစ်တဲ့နေရာက သဲလွန်စတွေ၊ သက်သေတွေရဲ့ ထွက်ဆိုချက်အရ အမျိုးသားတစ် ယောက်က ဆမ်မြူရယ်ကို သတ်သွားခဲ့တာဖြစ်ပြီး ဆမ်မြူရယ်ဟာလည်း လူသတ်မှုတစ်ခုကို ကျူးလွန်ပြီး နာမည်ပြောင်းလဲနေ ထိုင်သူတစ်ယောက်ဖြစ်တယ်ဆို တာကိုပါ သိခဲ့ကြပါတယ်။ သို့လောသို့လောအခြေအ နေတွေနဲ့အတူ သဲလွန်စတွေကိုဆက်စပ်ရင်း မသင်္ကာစရာတွေ များနေတဲ့ ဆမ်မြူရယ်ရဲ့လူသတ် မှုကို ပွိုင်ရော့တ်တစ်ယောက် ဘယ်လိုနည်းနဲ့ ဖော်ထုတ်မှာလဲ ဆိုတာကို ဆက်ကြည့်ရအောင်လို့ ဖော်ပြလိုက်ပါတယ်။ ဒီဇာတ်ကားမှာ ကဲနက်ဘရာ နက်၊ တော်မ်ဘိတ်မန်း၊ ပန်နီလိုပီခရုဇ်၊ ဝီလျံဒါဖိုး၊ ဂျော်နီဒက်ပ်စတဲ့သရုပ်ဆောင်များစွာ ပါဝင် ထားကြပါတယ်။ (ဇာတ်လမ်းအညွှန်းကို 7daily Website မှကူးယူဖော်ပြသည်) File Size : (3.7 GB) / (1 GB)/ (952 MB) Quality : Blu-Ray 4K HEVC /1080p HEVC/ 720p Running Time : 1hr 54min Format : Mp4 Genre :Crime, Drama, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Lex Luthor Encoded by Thanhtike Zaw,Nyeinsaeya Aung
| Provider | Resolution | File Size | |
|---|---|---|---|
| 4K | Download | ||
| 1080p | Download | ||
| 720p | Download |