
မင်းသားချော Ryan Gosling ငယ်ရွယ်စဉ်အခါကရိုက်ကူးထားတဲ့ မှုခင်းရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Ryan Gosling အပြင် အခြားနာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Michael Pitt, Ben Chaplin နဲ့ Sandra Bullock တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ Barbet Schroeder ကရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရစ်ချက်(Ryan Gosling)ဟာအထက်တန်းကျောင်းသားတစ်ယောက်ဖြစ်ပြီး ဥစ္စာပေါရုပ်ချောနဲ့ ကျောင်းမှာလည်းလူသိများတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သူနဲ့ သူ့ရဲ့သူငယ်ချင်းဖြစ်သူ ဂျက်စတင်ဟာ လိုချင်တာအားလုံးရနေတဲ့ဘဝမှာ ငြီးငွေ့လာတဲ့အတွက် ဘဝကြီးကိုအပြည့်အဝခံစားဖို့အတွက် လူသတ်မှုတစ်ခုကို ကျူးလွန်ဖို့အတူတူကြံစည်ကြပါတော့တယ်။ သူတို့ဟာသူတို့ဉာဏ်ကောင်းကြောင်း ပြချင်တဲ့အတွက်အမှုကို ပြီးပြည့်စုံအောင်စီစဉ်ခဲ့ပေမယ့် ဒီအမှုကိုကိုင်တွယ်တဲ့ စုံထောက်ကြီးကတ်ဆီမေဝဲသာကတော့ ဒီလိုယောက်ျားမျိုးတွေနဲ့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူဖြစ်တာကြောင့် သူတို့ရဲ့အမှုကို ဘယ်လိုမျိုးဖော်ထုတ်သွားမလဲဆိုတာကို လှည့်ကွက်တွေအပြည့်နဲ့ ခံစားကြရမှာပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Aung Win Htut ပါ။) File Size : 3.4GB, 917MB, 488MB Quality : 1080p Blu-ray AAC 5.1CH, 720p Blu-ray, 480p Format : mp4 Duration : 1hr 55mins Genre : Crime, Thriller, Mystery Translated by Aung Win Htut Encoded by Kinnov