
Mukadderat (2024) / Fate (2024) ******************************** ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ တူရကီနိုင်ငံက ရိုက်ကူးတဲ့ Mukadderat ဆိုတဲ့ Drama ဇာတ်ကားလေးဖြစ်ပါတယ်။ အိမ်ရှင်မအဖြစ် သမရိုးကျ နေလာတဲ့ ဆုလ်တန်ရဲ့ ဘဝက ယောက်ျားဖြစ်သူ ဆုံးပါးပြီး အသက် ၆၅ နှစ်မှ ဘဝအချိုးအကွေ့ဖြစ်ခဲ့ရပုံကို ရိုက်ကူးတင်ဆင်ပြထားပါတယ်။ ဒီဇာတ်ကားလေးက အမျိုးသမီးများ ကိုယ်ပိုင်လွတ်လပ်ခွင့် ကိုယ့်အစွမ်းအစလက္ခဏာနဲ့ အမျိုးသမီးအခန်းက္ဍကို ပေါ်လွင်စေတဲ့ ဇာတ်ကားကောင်းဖြစ်တဲ့အတွက်ကြည့်ရှုသူပရိသတ်များ စိတ်ခွန်အားရစေမယ့် ဇာတ်ကားဖြစ်မှာအသေအချာပါပဲ။ ဇာတ်လမ်းအကျဉ်း ************** အိမ်ထောင်သည် သားနဲ့ သမီး ရှိတဲ့ သာမန် အိမ်ရှင်မ ဆုလ်တန် ဆိုသူဟာ .. နေမကောင်းဖြစ်ပြီး အိပ်ရာထဲလဲနေတဲ့ ခင်ပွန်းဖြစ်သူကို ပြုစုရင်းနေလာခဲ့ပါတယ်။ ၂ နှစ်အကြာမှာ ခင်ပွန်းသည်က ကွယ်လွန်အနိစ္စရောက်သွားခဲ့ရာ သား သမီး မြေးတွေပါနာရေးကို လာရောက်လုပ်ကိုင်ပေးခဲ့ကြပါတယ်။ ခင်ပွန်းသည် သေဆုံးပြီး ၂ ရက်အကြာမှာ ဆုလ်တန်က ယောက်ျားယူချင်ကြောင်း၊ အထီးကျန်ပြီး တစ်ယောက်တည်း မသေသွားလိုကြောင်းပြောပြီး ကိုယ်တိုင်ကလည်း ငယ်စဉ်က သူ့ကိုချစ်ခဲ့သူ မုဆိုးဖို ရူစ်တမ်ဆီကို သွားပြီး သူနဲ့လက်ထပ်ချင်လား မေးခဲ့ရာ အငြင်းခံလိုက်ရပါတယ်။ ဒီအချိန်မှာ ကွယ်လွန်သူ ခင်ပွန်းရဲ့ သေတမ်းစာအတွက် သားနဲ့သမီးက ရှေ့နေဆီမှာ သွားဖတ်ကြတဲ့အခါ ဆုလ်တန်ကို နောက်အိမ်ထောင်ပြုရင် အမွေမပေးလိုကြောင်း သိသွားခဲ့ပါတယ်။ အမွေပေးတာ မမျှတတဲ့အတွက် စကားများနေတဲ့ သားနဲ့သမီး၊ ရူစ်တမ်ဆီက အငြင်းခံလိုက်ရတဲ့အပြင် သေသွားတဲ့ခင်ပွန်းဖြစ်သူကပါ သူ့ကို အမွေမပေးလိုတဲ့အတွက် သူ့အပေါ် မတရားလုပ်သလို ခံစားလာရတဲ့ ဆုလ်တန် သူ့ဘဝ ကျန်နေသေးတဲ့ နေ့ရက်များစွာအတွက် ဘယ်လိုတွေ စီမံလုပ်ဆောင်သွားမလဲဆိုတာ ရှုစားကြည့်လိုက်ကြရအောင်ပါ… (အညွှန်းကို DaoPhyo မှ ရေးသားထားပါတယ်) File size…1.63GB / 715MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 30m Genre ….. Family, Comedy, Life, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Mary Christ, Char Ou & Dao Phyo Encoded by AHtet
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.63GB | Download | |
| 1080p | 1.63GB | Download | |
| 1080p | 1.63GB | Download | |
| 1080p | 1.63GB | Download | |
| 720p | 715MB | Download | |
| 720p | 715MB | Download | |
| 720p | 715MB | Download | |
| 720p | 715MB | Download | |
| 720p | 715MB | Download |
ထုတ်လွှင့်သည့်နေ့
November 28, 2024
ကြာချိန်
1h 30m
အဆင့်သတ်မှတ်ချက်
6.8 / 10
Director
Nadim Güç