
Mr. Car and the Knights Templar (2023) ============================= ပေါ့ပေါ့ပါးပါး ကြည့်စရာရှာနေသူတွေအတွက် ပိုလန်ရုပ်ရှင်သစ် တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ပိုလန်စာရေးဆရာကြီး Zbigniew Nienacki ရဲ့နာမည်တူ၀တ္ထုကို အခြေခံရိုက်ကူးထားတာပါ။ အလွယ်ပြောရရင်တော့ ဇာတ်လိုက်နဲ့ကလေးတစ်သိုက်က ရတနာ သိုက်လိုက်ရှာတဲ့ ဇာတ်လမ်းမျိုးပါပဲ။ ဒါပေမဲ့ ထူးခြားတာကတော့ ခရူးဆိတ်စစ်ပွဲနဲ့ သမိုင်းကြောင်းထဲက သူရဲကောင်းတွေနဲ့ ဆက်စပ် တဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေပါနေတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအရတော့ လူသိများတဲ့ ပိုလန်လူမျိုး အနုပညာသမိုင်း ပညာရှင် တောမတ်ရှ်ဟာ တမ်ပလာလက်ဝါးကပ်တိုင်တစ်ခုကို ရှာ တွေ့ထားပါတယ်။ အဲဒီကပေးတဲ့ သဲလွန်စနဲ့ ရှေးခေတ်က ရတနာ သိုက်တစ်ခုကိုရှာဖွေဖို့ ကြိုးပမ်းပါတော့တယ်။ ဒါပေမဲ့ လူအတော် စိတ်၀င်စားတဲ့ ရတနာသိုက်ဖြစ်တာကြောင့် ဟိုးလေးတကျော်နာမည် ကြီးသွားပါတယ်။ အဲဒီအခါမှာ ရတနာသိုက်မုဆိုးတွေစုလာပြီး အချင်း ချင်းပြိုင်ဆိုင်တိုက်ခိုက်မှုတွေ ရှိလာပါတယ်။ တောမတ်ရှ်ကတော့ သူနဲ့သိပ်မတည့်လှတဲ့ သတင်းထောက်မတစ်ယောက်၊ သူအထင်မကြီးလှတဲ့ ဆယ်ကျော်သက်ကလေး ၃ ယောက်နဲ့ မထင်မှတ် ဘဲ တစ်ဖွဲ့တည်းဖြစ်သွားခဲ့ပါတယ်။ အဲဒီလိုနဲ့ တောမတ်ရှ်တို့အဖွဲ့ အလွဲ တွေကြားမှာ ရတနာသိုက်ဘယ်လိုရှာကြမလဲ၊ ဘာတွေရင်ဆိုင်ရမလဲ၊ ဘယ်သူမှ ဘာမှန်းမသိတဲ့ ရတနာသိုက်ဆိုတာက နောက်ဆုံးမှာ ဘာဖြစ် နေမလဲဆိုတာကို ကြည့်ကြရမှာပါ။ ဒရမ်မာနဲ့ စွန့်စားခန်းတွေ ခပ်ပါးပါး ရောထားပြီး သူ့အတိုင်းအတာနဲ့သူကြည့်ကောင်းတာမို့ အပျင်းပြေစိတ်ပြေ လက်ပျောက်ဖြစ်စေမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(1.62 GB) / (766 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 50Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Adventure, Drama, Family Translator…….C’mon Encoder……….SWM
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.62 GB | Download | |
| 1080p | 1.62 GB | Download | |
| 1080p | 1.62 GB | Download | |
| 1080p | 1.62 GB | Download | |
| 1080p | 1.62 GB | Download | |
| 1080p | 1.62 GB | Download | |
| 720p | 766 MB | Download | |
| 720p | 766 MB | Download | |
| 720p | 766 MB | Download | |
| 720p | 766 MB | Download | |
| 720p | 766 MB | Download | |
| 720p | 766 MB | Download |