
1967 ခုနှစ်က The Jungle Book ကို အသက်ပြန်သွင်းထားတယ်လို့ ပြောလို့ရတယ် ကျနော့်အနေနဲ့ကတော့ 2016 က ရုံတင်ခဲ့တဲ့ The Jungle Book ထက် Netflix က ရိုက်တဲ့ ဒီ Mowgli ကို ပိုပြီး သဘောကျမိတယ် Effects တွေကလဲ အတော်လေးကို အသက်ဝင်တယ် ဇတ်လမ်းကျောရိုးက တူပေမဲ့ ဇတ်လမ်းဇတ်ကွက်လေးတွေတော့ နည်းနည်းပြောင်းလဲသွားတာရှိတယ် အရင်ကလို ကလေးကြည့်တဲ့ရုပ်ရှင်သက်သက် မဟုတ်တော့ပဲ သွေးထွက်သံယို အခန်းလေးတွေ အနည်းငယ်ပါတယ် ဇတ်လမ်း ပုံစံကတော့ Mowgli ရဲ့ မိဘတွေဟာ ခြေတဖက်ကျိုး နေတဲ့ ရှီရာခန်း ဆိုတဲ့ ကျားဆိုးကြီးရဲ့ သတ်ဖြတ်ချင်းကို ခံရပြီး Mowgli လေးကတော့ ကံကောင်းပြီး လွတ်မြောက်သွားခဲ့တယ် ကျားသစ်နက်ကြီး ဘာဂီရာ က ကလေးငယ်ကို ကယ်ဆယ်ပြီး ဝံပုလွေမိသားစုဆီ ပေးခဲ့တယ်.... ဝံပုလွေတွေဟာလဲ Mowgli လေးကို မိသားစုဝင်အဖြစ်လက်ခံခဲ့ပြီး သူတို့ အသက်ရှိနေသ၍ ကျားဆိုးကြီး ရှီရာခန်း ဆီကနေ Mowgli ကို ကာကွယ်ပေးမယ်လို့ သစ္စာဆိုခဲ့ကြတယ်... ဒီလိုနဲ့ Mowgli အရွယ်ရောက်လာတဲ့အခါ သူဟာ ဝံပုလွေ တွေနဲ့ မတူတာကို သတိထားမိပြီး မေးခွန်းပေါင်းများစွာ ရှိလာခဲ့တယ်... သူ့မေးခွန်းတွေကို ဒိုင်ခံဖြေရတဲ့သူတွေကတော့ ကျားသစ်နက်ကြီး ဘာဂီရာ နဲ့ ဝက်ဝံကြီး ဘာလူး တို့ပဲ ဖြစ်ပါတယ်..... ဒီလိုနဲ့ အရွယ်ရောက်လာတဲ့ Mowgli လေးကို စားသောက်ချင်နေတဲ့ ရှီရာခန်းကြီး ဟာလဲ တစ်ဖြေးဖြေး နဲ့ Mowgli အနားသို့ ရောက်လာခဲ့သော်အခါ... ဒီ ရုပ်ရှင်ဟာ IMDb မှာ Rating 8 လောက်ထိ ရထားပါတယ် အရမ်းလဲ လူကြိုက်များ အောင်မြင်ပါတယ်... ဘာလို့အောင်မြင်လဲ ဆိုတာလဲ မမေးနဲ့ အသံသရုပ်ဆောင်ကိုပဲ အရင်ပြောပြပါမယ်... ကျားသစ်နက်ကြီး ဘာဂီရာ အဖြစ် ဘတ်မန်းမင်းသားကြီး Christian Bale အသံသရုပ်ဆောင်ပါတယ် ပြီးတော့ ခင်ဗျားတို့ ကျားဆိုးကြီး ရှီရာခန်းကို မုန်းလို့ရမှာ မဟုတ်ဘူး ဘာလို့လဲ ဆိုတော့ နောက်ခံ အသံသရုပ်ဆောင်က ဒေါက်တာထူးဆန်း ကိုကို Benedict Cumberbatch ပါပဲ <3 Tom Hollander တို့ ဘာတို့ အပြင် အခြား နာမည်ကျော် မင်းသားကြီး မင်းသမီးကြီးတွေက နောက်ခံ အသံ သရုပ်ဆောင်ပေးထားပါတယ် ကဲ ဒါဆိုရင် ဒီရုပ်ရှင်က သင်ကြည့်ကိုကြည့်သင့်တဲ့ တောတွင်းသားလေး ဇတ်လမ်း ပါပဲ..... ဒီရုပ်ရှင်ကားကို Little Neo က ဘာသာပြန်ပေးထားပြီး Thit San Khant က တင်ဆက်ပေးထားပါတယ်
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | Download |