
ဒီဇာတ်ကားလေးကတော့ မိသားစုနဲ့အတူတူ ကြည့်လို့ရတဲ့ ချစ်စရာ တိရစ္ဆာန်ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီထဲကအဓိကဇာတ်ကောင်က တခြားမဟုတ်ဘဲ မျောက်ကလေးတစ်ကောင်ပဲ ဖြစ်ပါတယ်။ အီဗာဆိုတဲ့ ကောင်မလေးကအိမ်ကလည်းမနိုင် အိမ်ကိုလည်းမပိုင်တဲ့ ဂျစ်ကန်ကန်နဲ့ကလေးမလေးတစ်ယောက်ပေါ့။ သူ့ခမျာ အိမ်မွေးခွေးတစ်ကောင်လောက် မွေးချင်ပေမဲ့ ပထွေးဖြစ်သူ တွမ်က တိရစ္ဆာန်အမွေးနဲ့ ဓါတ်မတည့်လို့ မွေးခွင့်မရဘဲ ဖြစ်နေတာပါ။ အဲဒီအချိန် သူ့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်လာတာက ဒေါ့ဂျာရယ်လို့ ဖြစ်လာမယ့် မျောက်ကလေးတစ်ကောင်ပါ။အဲဒီမျောက်ကလေးက လမ်းဘေး ဖျော်ဖြေသူတစ်ယောက်က မွေးထားတာဖြစ်ပြီး ပရိသတ် တွေဆီကနေ မျောက်ပြဆန်တောင်းလုပ်ရင်း ပိုက်ဆံတွေ လက်ဝတ်ရတနာတွေ အလစ်သုတ်တတ်အောင် လေ့ကျင့်ပေးထားတဲ့ စောရမျောက်လေး ဖြစ်နေတာပါ။ နဂိုထဲကတိရစ္ဆာန်မွေးချင်နေတဲ့ အီဗာဆီကို အဲဒီမျောက်ကလေးရောက်သွားတော့ အိမ်ကလူတွေမသိအောင် မွေးထားရင်းမျောက်လေးရဲ့ မကောင်းတဲ့အကျင့်ကို သိသွားတဲ့အခါသူရှာထားတဲ့ပြဿနာတွေကို အိမ်ကမသိအောင် ရှင်းရင်းအီဗာတစ်ယောက် ဗျာများရပုံတွေကို ဟာသလေးနှောပြီးရိုက်ကူးထားတဲ့ ပေါ့ပေါ့ပါးပါးဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size… 3.18 GB / 1.3 GB Quality… WEB-DL 1080p / 720p Format… mp4 Audio… AAC Duration…. 1h 36m Genre ….. Comedy/Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Thaung Htike Zaw
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 3.18 GB | Download | |
| 1080p | 3.18 GB | Download | |
| 1080p | 3.18 GB | Download | |
| 720p | 1.3 GB | Download | |
| 720p | 1.3 GB | Download | |
| 720p | 1.3 GB | Download | |
| 720p | 1.3 GB | Download |