
Missing ဆိုတဲ့နာမည်နဲ့ thriller အမျိုးအစားထဲကဆို "မိသားစုဝင် ဒါမှမဟုတ် ချစ်ရတဲ့သူတစ်ယောက်ယောက် ပျောက်တာလိုက်ရှာမယ်၊ လူသတ်သမားနဲ့တွေ့မယ်၊ ညဖက်ကြီး သတ်ကြမယ်၊ နောက်ဆုံး လူသတ်သမားသေရင်သေ mc သေရင်သေ" ဇာတ်လမ်းမျိုးကို တန်းမြင်ကြမှာပါ။ ဒီ Missing 2021 ကလည်း မှန်းထားတဲ့အတိုင်း လူပျောက်တာပါ။ ဒါပေမယ့် မတူတာတွေလည်းရှိပါတယ်။ ဒီတစ်ခါပျောက်တာက အဖေဖြစ်သူ ... လိုက်ရှာတာက အလယ်တန်းကျောင်းသူသမီးလေးပါ။ ပြီးတော့ နေ့လယ်ခေါင်ကြီးဖြစ်တာပါ။ ဟာရာဒါမိသားစုမှာ မိခင်ဖြစ်သူက အာရုံကြောရောဂါကြောင့် ကိုယ့်ကိုယ်ကိုသတ်သေသွားပြီး အဖေနဲ့သမီးနှစ်ယောက်တည်းကျန်ခဲ့ပါတယ်။ စိတ်ကျရောဂါနဲ့ ညစ်ပတ်စုတ်ပြတ်နေတဲ့ အဖေ့ကို ပူညံပူညံလုပ်ပေမယ့် တကယ်တမ်းတော့ သမီးလေးက အတော်ချစ်ရှာပါတယ်။ တစ်ညမှာ အဖေက ကွင်းဆက်လူသတ်သမားကို တွေ့ခဲ့တယ်ပြောပြီး နောက်တစ်နေ့မှာတော့ ရုတ်တရက်ကြီး ပျောက်ဆုံးသွားပါတယ်။ သမီးဖြစ်သူကတော့ သူ့အဖေ အသတ်ခံရတာများလား? သူ့ကို ထားသွားတာလား? ဝေခွဲမရဖြစ်နေပြီး ဖခင်ကို သဲကြီးမဲကြီးလိုက်ရှာတဲ့အခါ ... ဇာတ်လမ်းလေးထဲ ဆက်လက် ကြည့်ရှုလိုက်ကြစို့နော်။ Tokyo Revengers LA တို့ The world of sadako တို့ထဲက မင်းသားဖြစ်တဲ့ Hiroya Shimizu လည်း ပါဝင်ထားတာမို့ ကြည့်ရင်းအပန်းပြေကြပါစေဗျာ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Chevy ပါ။) File Size : 1.6GB, 624MB, 331MB Quality : 1080p WEB-DL, AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 2hr 4mins Genre : Crime, Drama, Mystery Translated by Chevy Encoded by Kinnov