
Miss Sloane (2016) အယ်လီဇဘတ် ဆလွန်းဟာ အောင်မြင်တဲ့မဲဆွယ်သူတစ်ယောက်ဖြစ်ပြီးတော့ သူရဲ့အလုပ်ပေါ်အရမ်းရူးသွပ်တဲ့သူဖြစ်ပါတယ်။ စိတ်ဓါတ်မာကြောပြီး ကိုယ့်ရဲ့အောင်မြင်မှုအတွက်ဆို ဘယ်သူ့ကိုမှမငဲ့ညှာတတ်တာကြောင့် နိုင်ငံရေးနယ်ပယ်မှာ သူ့ကိုမုန်းတီးနေသူတွေလည်းအများကြီးပါပဲ။ အမေရိကမှာ သေနတ်ပစ်ခတ်မှုတွေအမြဲဖြစ်ပျက်နေပြီး နစ်နာသူအများစုက ဆယ်ကျော်သက်လူငယ်တွေ၊ ကလေးသူငယ်တွေပါပဲ။ ဒါကိုရပ်တန့်ဖို့အတွက်ဆိုရင် အမေရိကမှာ သေနတ်တွေကို အလွယ်တကူဝယ်ယူနိုင်တာကို ထိန်းချုပ်ဖို့လိုအပ်တယ်လို့ လူအများစုကထင်မြင်ကြပါတယ်။ အဲဒါကြောင့် သေနတ်ရောင်းတဲ့အခါ ဝယ်သူရဲ့ နောက်ခံအချက်အလက်ကိုစီစစ်ပြီး မှတ်တမ်းတင်ထားဖို့ ဥပဒေတစ်ခု လွှတ်တော်ကိုတင်သွင်းခဲ့ပါတယ်။ ဆလွန်းဟာ အဲဒီဥပဒေအတွက်မဲဆွယ်သူအဖြစ်တာဝန်ယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဥပဒေကိုဆန့်ကျင်တဲ့သူတွေက ဆလွန်းရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကိုပါသုံးပြီး ဆလွန်းကိုတိုက်ခိုက်လာကြပါတော့တယ်။ ထက်မြက်ပြီး ဉာဏ်ကောင်းတဲ့ ဆလွန်းက ဒီပြဿနာတွေကို ဘယ်လိုလှည့်ကွက်တွေနဲ့ ကိုင်တွယ်ဖြေရှင်းမလဲဆိုတာကြည့်ရှုရမှာပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Yee Wai ပါ။) File Size : 1.8GB, 675MB, 382MB Quality :1080p Blu-ray AAC 5.1CH, 720p Blu-ray, 480p Format : mp4 Duration : 2hr 12mins Genre : Drama Translated by Yee Wai Encoded by Kinnov