
Remakeကားတွေ မူလရုပ်ရှင်ကို မှီတာ အတော်ရှားပါတယ်။အခုရုပ်ရှင်က အဲ့ဒီ လိုရှားတဲ့အထဲက တစ်ကားပါပဲ။ သိသလောက်တော့ ကိုရီးယားရုပ်ရှင်တွေကို remake ပြန်ရိုက်ကြတဲ့ အနောက်တိုင်းရုပ်ရှင်တွေမှာ ပျက်ကြတာ အတော်များတယ်။ Old Boyတို့ My Sassy Girlတို့ IIMareတို့ဆို ပျက်သလောက်ပါပဲ။မူလရုပ်ရှင်ရဲ့ ခံစားမှုကို မပေးစွမ်းနိုင်ပါဘူး။ အခုရုပ်ရှင်ကတော့ Remakeဆိုပေမယ့် မူလရုပ်ရှင်ရဲ့ဟာကွက်ဆန်တာတွေကို ဖြည့်ထားတဲ့အပြင်၊ ထောင်သားတွေရဲ့ ဇာတ်ကောင်စရိုက်ကလည်း ပိုပီပြင်တယ်။ ဖြစ်ရပ်တွေရဲ့ ယုတ္တိရှိမှုကလည်း ပိုပြီးတာသွားတယ်။ မူလရုပ်ရှင်ထက်သာတဲ့ Remakeလို့ပဲ ဆိုချင်တယ်။ မူလ ကိုရီးယားရုပ်ရှင်ကို ကြည့်ပြီး ခံစားခဲ့ရတဲ့သူတွေ ဒီရုပ်ရှင်မှာ ပိုခံစားလို့ရမှာတော့ သေချာပါတယ်။ ဇာတ်အိမ်တည်တာက တူရကီက ရွာလေးတစ်ရွာမှာ။ အဲ့ဒီရွာမှာ မွေးထားတဲ့ ခြောက်နှစ်သမီး ကလေးလောက်တောင် ညဏ်ရည်မမှီတဲ့လူရှိတယ်။ ဆင်းရဲကလည်းဆင်းရဲရတဲ့အထဲ ဂြိုလ်ဆိုး၀င်ချက်ကတော့ အခြေအနေအကြောင်းကြောင်းကြောင့် စစ်တပ်က ကွန်မန်ဒါရဲ့သမီးလေးသေသွားတာ သူ့ကြောင့်ဆိုပြီး သေဒဏ်ချခံလိုက်တာရတာပါပဲ။ ကလေးကိုသတ်တဲ့လူဆိုပြီး ထောင်သားချင်း အရိုက်ခံရတဲ့အပြင် ကွန်မန်ဒါကလည်း သူ့ကို မိသားစုနဲ့ပေးမတွေ့ဖို့ အမိန့်ချထားတယ်။ တွေ့ခွင့်တောင်မရှိတဲ့ ဘ၀မှာသမီးကလွဲ ဘာမှမရှိတဲ့အဖေတစ်ယောက်ရယ် အဖေကလွဲ ဘာမှမရှိတဲ့သမီးတစ်ယောက်ရယ်ဟာ တွေ့ခွင့်ရဖို့ကြိုးစားကြရင်း ဒီရုပ်ရှင်ရဲ့ လူသားဆန်မှုတွေက ကျွန်တော်တို့ မျက်ရည်ကို ချူယူသွားကြတယ်။ ဒီရုပ်ရှင်ကို ကြည့်ဖို့ မိတ်ဆွေအနေနဲ့ တစ်ရှုးတစ်ရွက်လောက်တော့ ဆောင်ထားသင့်တယ်။ Turkey Youth Awards (2020)နဲ့ Golden Palm Awards (2020) တို့မှာ Best Filmဆုရထားပြီး အော်စကာပွဲမှာ Best International Feature Filmဆုအတွက် ယဉ်ပြိုင်ခွင့်ရတဲ့တူရကီရုပ်ရှင်အဖြစ် အရွေးခံခဲ့ရတယ်ဆိုတော့ Remakeပေမယ့် အတော်အောင်မြင်တဲ့ Remakeပါပဲ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRip Duration - 2h 12min Subtitle – Myanmar Hardsub Format – Mp4 Genre : Drama Source : 1080p.WebRip Translator – WiRa Aung Encoder – SWM