
မင်းသားကြီး မာဒုန်ဆော့ရဲ့ အရင်ဇာတ်ကားတွေနဲ့ မတူတဲ့ ပုံစံကွဲမျိုး ကြည့်ရှုခံစားရမှာပါ။ Drama Comedy အမျိုးအစားဖြစ်လို့ အခွီတွေလည်း ပါဝင်ပြီး ဇာတ်ကားလေးကလည်း တော်တော်ကို စိတ်ဝင်စားစရာ ကောင်းသလို မင်းသားကြီး မာဒုန်ဆော့ရဲ့ သရုပ်ဆောင်ပီပြင်မှုကြောင့်လည်း ဒီဇာတ်ကား ကြည့်ရှုရတာ တန်တယ်လို့ ခံစားကြရမှာ သေချာပါတယ်။ အဲ့ဒီအပြင် Hospital Playlist မင်းသားကြီး ဂျောင်းဂယောင်းဟို ကလည်း အဓိကဇာတ်ဆောင်အနေနဲ့ တွဲဖက် သရုပ်ဆောင်ထားတာမို့ လက်လွတ်မခံသင့်ဘူးနော်။ ဇာတ်လမ်းအကျဉ်း ... ဒယ်ဂုဆိုတဲ့ လူတစ်ယောက်က ဂန်းနမ်မြို့ရဲ့ ချမ်းသာတဲ့ ရပ်ကွက်ဖြစ်တဲ့ အာ့ဂူဂျောင်းမှာ မွေးဖွား ကြီးပြင်းလာသူ တစ်ယောက်ဖြစ်ပြီးတော့ ပလတ်စတစ် ဆာဂျရီဆေးရုံနဲ့ အရေပြားအလှပြုပြင်ရေး ဆေးရုံတွေ ပေါများတဲ့ ဆိုလ်းတောင်ပိုင်းမှာ ပလတ်စတစ် ဆာဂျရီ လုပ်ငန်းကို စတင်ချင်တဲ့ စိတ်ကူးစိတ်သန်း ရှိနေသူ တစ်ယောက်လည်းဖြစ်ပါတယ်။ တစ်နေ့မှာ သူက ပလတ်စတစ် ဆာဂျရီလောကမှာ အရည်အချင်းရှိတဲ့ ခွဲစိတ်ဆရာဝန် ဘတ်ဂျီဝူနဲ့ တွေ့ခဲ့ပေမဲ့ ကံဆိုင်းချင်တော့ ဘတ်ဂျီဝူက ဆေးကုသခွင့် လိုင်စင် ရုတ်သိမ်းခံထားရသူဖြစ်နေပါတယ်။ ဒါပေမဲ့လည်း အိပ်မက်တွေကို အကောင်ထည်ဖော်ဖို့ သူတို့ နှစ်ယောက်က ပူးပေါင်းပြီး အာ့ဂူဂျောင်းမှာ ပလတ်စတစ်ဆာဂျရီ လုပ်ငန်းကို အကျိုးတူ လုပ်ဆောင်ကြတဲ့အခါ ... ဘယ်လို အလွဲလေးတွေဖြစ်မလဲ? အတုအယောင်တွေ လုပ်ဖို့ဖြစ်လာတဲ့အခါ ဘယ်လိုအန္တရာယ်တွေနဲ့ ရင်ဆိုင်ရမလဲ? ဆိုတာတော့ ဇာတ်လမ်းလေးထဲ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းကိုတော့ Miri ကရေးပေးထားပါတယ်။) File Size : 2.2GB, 893MB, 444MB Quality : 1080p WEB-DL, 720p WEB-DL, 480p Format : mp4 Duration : 1hr 52mins Genre : Comedy,, Drama Translated by Hnin Win, Miri & Estel Encoded by Kinnov
ဒေါင်းလုပ်လင့်ခ်များမရှိသေးပါ
ထုတ်လွှင့်သည့်နေ့
November 30, 2022
ကြာချိန်
1h 52m
အဆင့်သတ်မှတ်ချက်
5.6 / 10
Director
Lim Jin-soon