
ဒီဇာတ်ကားကတော့ နာမည်ကျော် 300 ဇာတ်ကားကြီးရဲ့ Parody ဗားရှင်းပဲဖြစ်ပါတယ်။ Parody ဆိုတာကတော့ နာမည်ကျော်ဇာတ်ကားကြီးတွေကို ကျောရိုးတည်ပြီး ဟာသတွေလုပ်ပစ်တာမျိုးပါပဲ။ Horror ဟာသကားတွေအနေနဲ့ နာမည်ကြီးတဲ့ Scary Movie 1,2,3,4,5 ဟာဆိုရင်လည်း တစ်ခေတ်တစ်ခါကနာမည်ကျော်ဇာတ်ကားတွေ ဇာတ်ဝင်ခန်းတွေကို ရောသမမွှေပြီး ဟာသလုပ်ထားတဲ့ Parody ကားတွေပဲဖြစ်ပါတယ်။ ဘီစီ ၄၈၀မှာ စပါတာဘုရင် လီယိုနိုင်းဒတ်စ်ဟာ အင်အားသုံးရာထဲနဲ့ ဇာဆီရဲ့အင်အားအဆမတန်ကြီးမားတဲ့ ပါရှန်တပ်ကိုရင်ဆိုင်ခဲ့ပါတယ်။ ဒီသမိုင်းဝင်စစ်ပွဲကို သာမိုပလေစစ်ပွဲလို့ခေါ်ကြပြီး ၂၀၀၆ ခုနှစ်မှာတော့ နာမည်ကျော်ဒါရိုက်တာကြီး Zack Snyder က ရုပ်ရှင်အဖြစ် ပြောင်မြောက်စွာ အသက်သွင်းနိုင်ခဲ့ပါတယ်။ အခုတင်ဆက်လိုက်တဲ့ Parody ဗားရှင်းကတော့ 2008 ခုနှစ်မှာထွက်ရှိလာတာဖြစ်ပြီး အဲဒီခေတ်က ရေပန်းစားနေတဲ့ အနုပညာရှင်တွေကစလို့ တီဗီအစီအစဥ်တွေ၊ ရုပ်ရှင်တွေအပြင် နိုင်ငံရေးသမားတွေအဆုံး တစ်ခုမကျန်သရော်ပြထားတာကိုမြင်ရမှာပါ။ အခုခေတ်နဲ့ကြည့်ရင် အဲဒီတုန်းကနာမည်ကြီးခဲ့တဲ့ ဟောလီးဝုဒ်ဆယ်လီရပ်ကွက်သတင်းတွေဟာ ခေတ်နောက်ကျသွားပြီဆိုပေမယ့် အသက်အရမ်းမငယ်တော့ဘူးဆိုရင်တော့ တစ်စွန်းတစ်စမီခဲ့လောက်မယ့်ကိစ္စမျိုးတွေ အများစုပါပါလိမ့်မယ်။ နိဂုံးချုပ်ရရင်တော့ အပျင်းပြေရုံဆိုရင်တောင် တစ်နာရီခွဲအချိန်ပေးရတာတန်တဲ့ Parody တစ်ကားလို့ပဲဆိုလိုက်ပါရစေ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Khant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 951MB Quality - 1080p, 720p Format - mp4 Duration - 1H 27Min Genre - Comedy, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by Min Khant Bo Encoded by Y