
သတင်းစာတွေက သမိုင်းကိုပြောတယ်ဆိုရင် သတင်းထောက်တွေက သမိုင်းကို မှတ်တမ်းတင်တဲ့သူတွေပါပဲ။ ဒီရုပ်ရှင်ဟာ ၁၉၆၈ ချီကာဂိုအမျိုးသားဒီမိုကရက်တစ်ညီလာခံကို အခြေပြုရိုက်ခတ်လာတဲ့ နိုင်ငံရေးမုန်တိုင်းကို သတင်းထောက်တစ်ယောက်အဖြစ် လိုက်ပါသတင်းရယူခဲ့တဲ့ သတင်းထောက်ဂျွန်ကတ်ဆဲလတ်စ် ကို အခြေတည်ပြီး ရိုက်ကူးပုံဖော်ထားပါတယ်။ လူဖြူလူမည်း ပဋိပက္ခတွေ၊ဂျူးတွေနဲ့ ဂျူးမဟုတ်တဲ့ လူမျိုးတွေရဲ့ပွတ်တိုက်မှုတွေ၊မင်းမဲ့ဝါဒီတွေ၊ ကွန်မြူနစ်တွေရဲ့ ဆန္ဒပြပွဲတွေ၊အကြမ်းဖက်မှုတွေ လုံခြုံရေးတပ်ဖွဲ့တွေနဲ့အာဏာပိုင်တွေရဲ့ အကြင်နာမဲ့ အင်အားသုံးနှိမ်နနင်းမှုတွေနဲ့၁၉၆၈ နွေရာသီဟာ အမေရိကန်နိုင်ငံအတွက်တော့ ပူပြင်းတဲ့နိုင်ငံရေးနွေရာသီဖြစ်ခဲ့ပါတယ်။၁၉၆၈ ဟာ ဗီယက်နမ်စစ်ပွဲအရှိန်အတက်ဆုံးကာလဖြစ်တာကြောင့် စစ်ပွဲရဲ့ရိုက်ခတ်မှုကိုလည်း ယောကျာ်းဖြစ်သူကို ဗီယက်နမ်စစ်ပွဲမှာဆုံးရုံးလိုက်ရတဲ့ မုဆိုးမလေးအယ်လင်းနဲ့ဟာရိုးတို့ သားအမိရဲ့ဘဝကိုပါ ထည့်သွင်းပြီးရိုက်ပြထားပါတယ်။ ၁၉၆၈ ပြီးနောက်တစ်နှစ် ၁၉၆၉ မှာ ထွက်လာတဲ့ ရုပ်ရှင်ဖြစ်တာကြောင့် တမင်ဖန်တီးထားတဲ့ဆက်တင်တွေမဟုတ်ပဲ ဂျွန်အက်ဖ်ကနေဒီခေတ်အလွန် နည်းပညာခေတ်အကြိုအမေရိကန်နိုင်ငံရဲ့ တကယ်နောက်ခံနေရာတွေ ၊အကြောင်းအရာတွေ၊လူတွေ၊ခံစားချက်တွေ၊ပဋိပက္ခတွေကို စီးမြောကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ် File size… 2.34 GB / 1.26 GB Quality… BluRay 1080p / 720p Format… mp4 Audio… AAC Duration…. 1h 51 m Genre ….. Drama /Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Swan Yee Myo Thant
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.34 GB | Download | |
| 1080p | 2.34 GB | Download | |
| 1080p | 2.34 GB | Download | |
| 720p | 1.26 GB | Download | |
| 720p | 1.26 GB | Download | |
| 720p | 1.26 GB | Download | |
| 720p | 1.26 GB | Download |
ထုတ်လွှင့်သည့်နေ့
August 27, 1969
ကြာချိန်
1h 51m
အဆင့်သတ်မှတ်ချက်
7.2 / 10
Director
Haskell Wexler