
ဒီတစ်ခေါက် ပရိတ်သတ်ကြီးကို drama အမျိုးအစား ဇာတ်လမ်း ကောင်းလေးတစ်ခုနဲ့ တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့.. ဘဝအတက်အကျ အပြောင်းအလဲတွေသိပ်မရှိတော့ဘဲ တည်ငြိမ် ရင့်ကျက်တဲ့ အသက်အပိုင်းအခြားတစ်ခုကို ရောက်နေပြီဖြစ်တဲ့ အသက် ၃၉ နှစ်အရွယ် မာယာဟာ introvert ဆန်ဆန် သူ့ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းရင်း အတည်တကျ မိသားစုဘဝ လေးတစ်ခုကို တည်ထောင်ချင်နေခဲ့ပါတယ်။ ဒီလိုမျိုးဘဝကို တည် တည်ငြိမ်ငြိမ်ပဲ ဖြတ်သန်းချင်နေတဲ့ သူ့ရဲ့ဘဝထဲကို သူ့အသက်ထက် ဝက်ပိုငယ်တဲ့ ကောင်လေးတစ်ယောက်က ဝင်ရောက်လာခဲ့ပါတယ်။ အဲဒီကောင်လေးရဲ့ တွေးခေါ်ပုံတွေ..သူရည်မှန်းထားတဲ့ ပန်းတိုင်တွေ မျှော်လင့်ချက်တွေက မာယာကိုသူ့ရဲ့အတိတ် ငယ်ငယ်တုန်းကပုံရိပ် တွေကို ပြန်အမှတ်ရစေတာကြောင့် အဲဒီကောင်လေးဟာ သူလိုချင်တဲ့ အခြေတကျဖြစ်တဲ့ တည်ငြိမ်တဲ့ဘဝကို မပေးနိုင်ပေမဲ့ သူအဲဒီကောင် လေးအပေါ်ကို ဂရုစိုက်ပေးချင်စိတ်တွေ ကူညီပေးချင်စိတ်တွေ ပေါက် ဖွားလာခဲ့ပါတယ်။မာယာတစ်ယောက် သူ့ကောင်လေးကို တကယ်ချစ် မိသွားမှာလား.. သူ့ရဲ့ကျန်ရှိတဲ့ဘဝကို အရင်လိုပဲ အချစ်မရှိဘဲ အတိတ် မှာပဲနစ်မြောရင်း ကုန်ဆုံးသွားမလားဆိုတာကိုတော့..ဒီဇာတ်လမ်းလေး ထဲမှာ ကြည့်ရှူရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ June ဖြစ်ပါတယ်) File Size..........(1.17 GB) / (422 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 46Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Romance Translator.......June Encoder..........SWM
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.1 GB | Download | |
| 720p | 422 MB | Download | |
| 4K | 1.1 GB | Download | |
| 720p | 422 MB | Download |