
IMDb - 7.7/10, Rotten Tomatoes - 87% ~ ချစ်ခြင်းမေတ္တာဆိုတာ နေရာဒေသမရွေး၊ အချိန်အခါမရွေး၊ ယောကျ်ား မိန်းမ မရွေးရှိတတ် ဖြစ်ပေါ်တတ်ကြတယ်။ လိင်တူချင်း ချစ်ကြိုက်ဖို့၊ မေတ္တာမျှဝေဖို့ အတင်းကြပ်ဆုံး နိုင်ငံတွေထဲမှာ အင်္ဂလန်နိုင်ငံဆိုတာ ထိပ်ဆုံးမှာ ရပ်တည်နေတာဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ်မတိုင်ခင်အချိန်တွေမှာ အင်္ဂလန်နိုင်ငံတော်ကြီးမှာ လိင်တူချစ်ကြိုက်မိခဲ့ရင် သေဒဏ်ဆိုတဲ့ ကြီးလေးတဲ့ ပြစ်ဒဏ် ပေးခံရပါတယ်။ ဒီလိုအချိန်ကာလမျိုးမှာပဲ Maurice တစ်ယောက် Right Person၊ Wrong Time ဆိုတဲ့ အခြေအနေမျိုးကို ရောက်ရှိခဲ့တယ်။ အမျိုးသားတစ်ဦးကို ချစ်မိတာဟာ အမျိုးသမီးတစ်ဦးကို ချစ်ကြိုက်ရတာထက် ပိုပြီး စိတ်ပင်ပန်းရတယ် တွေဝေရတယ် စွန့်လွှတ်ရဲရတယ်။ ဒါကို Maurice တစ်ယောက်ကြုံခဲ့ရတယ်။ အချိန်ကာလ၊ မိသားစု၊ ပတ်ဝန်းကျင် အစရှိတာတွေအကုန်လုံးကို အံတုပြီး ကျောင်းနေဘက် သူငယ်ချင်း Clive ကိုချစ်ကြိုက်မိခဲ့တဲ့ Maurice ဟာ သူလိုချင်တဲ့ ချစ်ခြင်း မေတ္တာ အစစ်ကို မရခဲ့ရှာဘူး။ သူ့ချစ်သူဟာ သူ့လောက် သတ္တိမရှိနိုင်ခဲ့ဘူး။ Clive ဟာ သဘာဝတရားကိုဆန့်ကျင်ပြီး Maurice ကို နှစ်သက်ခဲ့ပေမယ့် လူ့အသိုင်းအဝိုင်းကိုတော့ သူမဆန့်ကျင်ရဲခဲ့ဘူး။ မိမိကိုယ်ကိုယ်သာအပြစ်တင်ရင်း အရာအားလုံးကို လျစ်လျူရှုခဲ့တဲ့ Maurice ဟာ အချိန်ကာလတစ်ခုအရောက်မှာပဲ နောက်ထပ် အချစ်သစ်တဖန် မွေးဖွားဖို့ အကြောင်းဖန်လာခဲ့တယ်။ ဒါကို Clive တစ်ယောက်ကကော ဘယ်လိုတုန့်ပြန်လာမလဲ? ဒီတစ်ချိန်မှာကော Maurice တစ်ယောက် ရှေ့ဆက်တိုးဖို့ သတ္တိရှိပြီလား? အရာအားလုံးကို ရင်ဆိုင်ပြီး နှလုံးသားကိုပဲ ဦးစားပေးဖြစ်ပြီလား၊ စွန့်လွှတ်ခြင်းနဲ့ ရယူပိုင်ဆိုင်ခြင်းမှာ Maurice အတွက် ဘယ်အရာက အားသာသွားမလဲဆိုတာကိုတော့ Maurice ဆိုတဲ့ ချစ်ခြင်းမေတ္တာ နှောင်ထုံးဖွဲ့ရုပ်ရှင်လေးကို ကြည့်ရှုရင်း ငြိမ့်ငြိမ့်လေး ခံစားကြည့်ပါလို့ ညွှန်းဆိုလိုက်ပါရစေ။ (ဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2.5Gb, 1.3Gb, 639Mb Quality - 1080p, 720p, 480p IMDb Rating - 7.7/10 Format - mp4 Duration - 2H 20Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.5GB | Download | |
| 720p | 1.3GB | Download | |
| 1080p | 2.5GB | Download | |
| 720p | 1.3GB | Download |