
ဒီဇာတ်ကားလေးကတော့ Drama/Romanceအမျိုးအစား ဘောလိဝုဒ် ဇာတ်ကားလေးတစ်ကားဖြစ်ပြီး ပရိတ်သတ်အချစ်တော်မင်းသားကြီးတစ်ယောက်ဖြစ်တဲ့ ဗစ်ကီကောရှလ်နဲ့ Section 375 ရုပ်ရှင်ဇာတ်ကားမှာ တရားလိုရှေ့နေအဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ ရစ်ချကျန်ဒါတို့က ပါဝင်အားဖြည့်ထားကြပါတယ်။ ဒီဇာတ်ကားဟာ တခြားကြည့်နေကျ အချစ် ဟာသ စိတ်ကူးယဥ် သည်းထိတ်ရင်ဖို ဇာတ်လမ်းတော့မဟုတ်ပါဘူး။ အိန္ဒိယနိုင်ငံမှာရှိတဲ့ ဇာတ်နိမ့်တွေရဲ့ လက်တွေ့ဘဝကို ယှဥ်ပြပြီး အရိုးရှင်းဆုံးရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးပါ IMDB 8.1 ရရှိထားပြီးတော့ အကောင်းဆုံးရိုက်ကူးရေးနဲ့ ဇာတ်လမ်းဇာတ်ညွှန်းဆုတွေကိုလည်းရရှိထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဒေဝီပတားက်ဟာ ကွန်ပြူတာဆရာမတစ်ယောက်ဖြစ်ပြီး သူ့ရဲ့တပည့်ဖြစ်သူ ပီးရူးရှ်နဲ့ ဟော်တယ်တစ်ခုမှာနှစ်ပါးသွားလေ့ရှိပါသတဲ့။ တစ်နေ့မှာတော့ ဟော်တယ်ဝန်ထမ်းတစ်ယောက်က သတင်းပေးလိုက်တဲ့အတွက် ရဲကို သတင်းပေးလိုက်တဲ့အတွက် ရဲတွေရောက်လာတော့တာပေါ့။ ရဲဖမ်းခံရမှာကြောက်တဲ့ ပရူးရှ်ဟာ ရေချိုးခန်းထဲဝင်ပြေးပြီး သူ့ကိုယ်သူအဆုံးစီရင်သွားခဲ့ပါတယ်။ ပီရူးရှ်ကို သတ်သေအောင် ဒေဝီကအကြပ်ကိုင်ပါတယ်ဆိုပြီး သတင်းမပြန့်စေချင်ရင် ရူပီ ၃သိန်း ပေးရမယ်လို့ ရဲက ဒေဝီ့အဖေကိုပြောပါတယ်။ ဘာမှဝင်လမ်းကောင်းကောင်းမရှိတဲ့ သားဖနှစ်ယောက် ဒီငွေ ၃သိန်းကို ဘယ်လိုပေးကြမှာလဲ ... ဘယ်လိုအခတ်ခဲအတားအဆီးတွေက စောင့်ကြိုနေမလဲ .... ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြပါလို့ .... ကြည့်ဖူးတဲ့သူတိုင်း နောင်တမရတဲ့ကားလေးဆိုရင်လည်းမမှားပါဘူး ဒါကြောင့်မလို့ လုံးဝလက်လွတ်မခံသင့်ပါကြောင်း . File size…1.8GB / 728MB Quality…1080p BluRay / 720p Format…mp4 Duration….1h 49m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thaik San ~ Soe Kalayar ~ Intelligence