
ဒီကားလေးက “Hypochondria” လို့ခေါ်တဲ့ ဘာရောဂါမရှိပဲ ကိုယ့်ကိုကိုယ်ရောဂါရှိတယ်ထင်ပြီး အလွန်အမင်းစိတ်ပူပန် တတ်တဲ့ရောဂါရှိသူ ( မြန်မာအခေါ် မာလျက်နာရောဂါ) ယောက်ျားဖြစ်သူနဲ့ ဇနီးသည်တို့ရဲ့ အိမ်ထောင်ရေးမှာ ယောက်ျားဖြစ်သူရဲ့ ဇီဇာကြောင်မှုတွေ အလွန်အမင်းစိတ်ပူ ပန်တတ်မှူတွေကြောင့် ဖြစ်လာတဲ့ အိမ်ထောင်ရေးအခက် အခဲအလွဲလေးတွေကို တင်ဆက်ပေးထားတဲ့ Comedy & Romance အမျိုးအစားမက္ကစီကို ရုပ်ရှင်ဇာတ်ကားလေးပဲ ဖြစ်ပါတယ်.. အရမ်းကြီး ကြီးကျယ်ခမ်းနားတဲ့ ရိုက်ကွင်း ရိုက်ချက်တွေ မပါပေမယ့် သူ့ဟာလေးနဲ့သူရယ်နေရတာမလို့ တခြားနာမည် ကြီးရုပ်ရှင်ကားတွေနဲ့တန်းတူ မက္ကစီကိုရုပ်ရှင်ရုံတွေမှာ မျက်နှာမငယ်ပဲ ပရိတ်သတ်အားပေးမှုကို ရရှ်ိခဲ့တဲ့ ရုံတင် ဇာတ်ကားလေးပါ အားနည်းချက်ဆိုလို့ Pacing နဲ့ Character Development နှေးတာကလွဲရင် ရယ်ရတာမို့ ကြည့်ရ တန်ပါတယ်… လူ့ဘဝတိုတိုလေးမှာ ပူပန်မှုတွေများ သောကတွေပွားမနေဘဲ အပြည့်အဝရှင်သန်ခြင်းကသာ အဓိပ္ပါယ်ရှိတယ်ဆိုတဲ့ Message လေးနဲ့အတူ ပေါ့ပေါ့ပါးပါးလေးကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်…. File size… (1.03GB) / (527MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 33m Genre …..Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Nice Guy