
Margin Call ဆိုတာ Trading လောကမှ စကားလုံးဖြစ်ပြီး အဓိပ္ပာယ်ကတော့ မိမိအကောင့်၊ မိမိရဲ့ပိုင်ဆိုင်မှုတန်ဖိုးတွေဟာ သတ်မှတ်တန်ဖိုးအောက်စျေးကျသွားတဲ့အတွက် အကောင့်ပိတ်မသွားအောင် ငွေထပ်ထည့်စိုက်မလား၊ ရှိသမျှပိုင်ဆိုင်မှုတွေရောင်းချမလားကို သတ်မှတ်ပေးတဲ့စည်းမျဥ်းတစ်ခုပါ။ တစ်နည်းပြောရရင် တန်ဖိုးကျသွားလို့ မွဲပြာကျသွားပြီး ဘဝမပျက်ချင်ရင် အကုန်ရောင်းလို့ဆိုလိုချင်တာပါ။ ဒီလိုခေါင်းစဥ်နဲ့ ဇာတ်လမ်းလေးကတော့ 2007-2008 ခုနှစ်လောက်က ဖြစ်ပျက်ခဲ့တဲ့ ကမ္ဘာ့စီးပွားရေးပျက်ကပ်တစ်ခုအတွင်း ဒေဝါလီခံခဲ့တဲ့ ကုမ္ပဏီတစ်ခုကို စိတ်ကူးယဥ်ပြီးပြန်ရိုက်ကူးထားတာပါ။ ဇာတ်လမ်းထဲမှာတော့ စတော့ရှယ်ယာလိုမျိုး၊ အာမခံငွေလက်မှတ်လိုမျိုးတွေကို အရောင်းအဝယ်လုပ်တဲ့ ရင်းနီးမြှုပ်နံမှုကုမ္ပဏီတစ်ခုမှ ဝန်ထမ်းတစ်ယောက်ဟာ စီးပွားပျက်ကပ်ဖြစ်လာနိုင်တာကိုကြိုသိခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ ဒီလောကမှာက ယခင်ဖြစ်ခဲ့ဖူးတဲ့ စျေးနှုန်းတန်ဖိုးတွေ၊ အရောင်းအဝယ်မှတ်တမ်းတွေကိုကြည့်ရှုပြီး နောင်ဖြစ်လာနိုင်တာကို အနီးစပ်ဆုံးခန့်မှန်းလို့ရနိုင်လို့ပါပဲ။ ဖြစ်လာမယ်မှန်းလည်းသိပြီဆိုတော့ ဒီပျက်ကပ်ကို ဘယ်လိုရှောင်လွှဲကြမလဲဆိုတာ ကြံကြပြန်ပါတယ်။ ဆုံးဖြတ်ချက်မြန်မြန်ချနိုင်လေ ဆုံးရှုံးနိုင်မှုနည်းလေးပဲဆိုတော့ ညတွင်းချင်းဆုံးဖြတ်အတည်ပြုကြပါတယ်။ ရှုပ်ထွေးလှတဲ့လောကကြီးမှာ သူများထက် ခေါင်းပိုသုံးတဲ့သူ၊ ဉာဏ်နီဉာဏ်နက်များတဲ့သူ၊ လက်တစ်လုံးခြားလူလည်ကျမှ ရှင်ကျန်စမြဲဖြစ်ကြောင်းရိုက်ပြထားတဲ့ စိတ်ဝင်စားစရာ financeကားလေးဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။) File Size : 1.9GB, 635MB, 346MB Quality : 1080p Blu-ray AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr 47mins Genre : Drama, Thriller Translated by Themes Encoded by Kinnov
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.9 GB | Download | |
| 720p | 635 MB | Download |