
အခုတစ်ခါတော့ အားလုံးစောင့်မျှော်နေကြတဲ့ အောစကာဇကာာတင်စာရင်းမှာ ဝင်ခဲ့ပြီး အကောင်းဆုံးဇာတ်ကားဆုကိုဆွတ်ခူးရရှိခဲ့ပြီးIMDb 7.8 ရရှိထားတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ဗျ ဒီဇာတ်ကားမှာဆိုရင် လီချန်ဒလာ အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Casey Affleck ဟာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကိုဆွတ်ခူးရရှိခဲ့ပါတယ် ဇာတ်ကားဟာလဲ တခြား ရုပ်ရှင်ဆုပေါင်း ၁၂၈ဆုနဲ့ ၂၅၉ ကြိမ်ထိ ဇကာတင်စာရင်းမှာဝင်ခဲ့ပါတယ် ဒီဇာတ်ကားလေးက သာမန်ဒရာမာကားတွေထက်ပိုပြီးတော့ တူဖြစ်သူနဲ့ ဦးလေးကြားဆက်ဆံရေး ဦးလေးဖြစ်သူ လီ နဲ့ အတိတ်က အကြောင်းအရာတွေ အိမ်ထောင်ရေး ပြသနာတွေ၊ အစ်ကိုဖြစ်သူသေဆုံးမှုကြောင့် ဝမ်းနည်းမှုကြားကကိုယ့်ကိုကိုယ်လမ်းပျောက်နေသူတစ်ဦး၏ တရားဥပဒေအရ တူဖြစ်သူကိုထိန်းသိမ်းစောင့်ရှောက်ခွင့်အပ်နှင်းခံရသူတယောက်ရဲ့ အကြပ်အတည်းတွေနဲ့နေ့စဉ်တွေ့ကြုံနေကြလူနေမှု ဘဝတွေကို ပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ လီချန်ဒလာဟာ ဘောစတွန်မြို့မှာ တိုက်လေးတိုက်ကို ပြုပြင်ထိန်းသိမ်းရေး တာဝန်ကိုယူရသူတစ်ဦးဖြစ်ပြီး သူ့ရဲ့ မူရင်းဇာတိဖြစ်တဲ့ မန်ချက်စတာမြို့ကနေ အကြောင်းတစ်ခုကြောင့် လာရောက်ဇာတ်မြှုပ်နေထိုင်နေသူတစ်ဦးဖြစ်ပါတယ် ဒီလိုနဲ့ တနေ့မှာ လီ ရဲ့ အစ်ကို ဂျိုးချန်ဒလာ နှလုံး ရောဂါဖောက်ပြီး မထင်မှတ်ပဲ ကွယ်လွန်သွားခဲ့ပါတယ် အစ်ကိုဖြစ်သူကွယ်လွန်သွားခဲ့တဲ့အခါမှ တူဖြစ်သူ ၁၆နှစ်သား ပက်ထရစ်ဟာ ဦးလေးဖြစ်သူ လီ ရဲ့ အုပ်ထိန်းမှုအောက်မှာနေထိုင်ဖို့အတွက် အကြောင်းဖန်လာပါတော့တယ် ပက်ထရစ် ဟာ ကောင်မလေးများနဲ့ပွေရှူပ်သူတစ်ယောက်ဖြစ်ပြီး ေ ကျာင်းမှာလဲ ပေါ်ပြူလာဖြစ်သူတစ်ဦးပါ လီ ဟာ လဲ အတိတ်က အကြောင်းတစ်ခုကြောင့် မန်ချက်စတာမြို့ကနေ ဇာတ်မြုပ်ပြီးဘောစတွန်မြို့မှာ ပြောင်းရွေ့အချေချနေထိုင်သူတစ်ဦးဖြစ်တာကြောင့် လီဟာ တူဖြစ်သူကိုခေါ်ပြီး ဘောစတွန်မြို့မှာပြောင်းရွေ့ နေထိုင်ဖို့ လုပ်ဆောင်ရာမှ တူဖြစ်သူကလဲ ပြောင်းရွေ့နေထိုက်ဖို့ရာ လက်မခံတဲ့ အခါမှာတော့ ကဲ ပရိတ်သတ်ကြီးကပဲဆက်လက်ကြည့်လိုက်ပါတော့ဗျာနော် ဇာတ်ကားကိုတင်ဆက်ပေးတာကတော့ ကျွန်တော် မောင်မာင်သာရစ် ပါဗျာ ကျိူင်းဇူးတင်ပါတယ် ရှင့် ။
ဒေါင်းလုပ်လင့်ခ်များမရှိသေးပါ
ထုတ်လွှင့်သည့်နေ့
November 18, 2016
ကြာချိန်
2h 18m
အဆင့်သတ်မှတ်ချက်
7.5 / 10
Director
Kenneth Lonergan