
ဒီရုပ်ရှင်ကတော့ အိမ်ထောင်ရေးသည်းထိတ်ရင်ဖိုရုပ်ရှင်ဖြစ်ပြီး အန်နက်ဒ်ဆိုတဲ့ အမျိုးသမီးနဲ့ ဘန်ဆိုတဲ့အမျိုးသားတို့ရဲ့ အိမ်ထောင်ရေး အပေါ် အခြေခံရိုက်ကူးထားပါတယ်။ အန်နက်ဒ်ဟာ မက်တီလ်ဒါနဲ့ လူးကပ်စ်ဆိုတဲ့ ကလေးနှစ်ယောက်ကို မွေးပြီး အိမ်မှာပဲ ကလေးထိန်းကျောင်းဖို့အတွက် အလုပ်ထွက်ထား ရတဲ့သူဖြစ်ပါတယ်… နေထိုင်ရာအိမ်ကိုလည်း စာရေးဆရာဖြစ်တဲ့ အမျိုးသားဘန်က တိတ်ဆိတ်အေးချမ်းတဲ့နေရာမှာ နေချင်တယ်ဆိုတဲ့အတွက်ကြောင့် နယ်ဘက်ကို ပြောင်းရွှေ့လာရတဲ့အတွက် အန်နက်ဒ်ရဲ့နေ့စဉ်ဘဝက ကလေးထိန်းရင်း အိမ်မှာနေရင်းနဲ့ စိတ်မတည်ငြိမ်မှုတွေ ဖြစ်လာပါတယ်… အဲဒီအချိန်မှာ သူတို့သမီးဖြစ်သူ မက်တီလ်ဒါလေးက ကလေး သရုပ်ဆောင်နေရာကနေ ဝင်အရွေးခံရင်း နာမည်ကြီးမင်းသမီး တစ်လက်နဲ့အတူ ရုပ်ရှင်ရိုက်ကူးရဖို့ ဖြစ်လာပါတယ်… ရိုက်ကူးရေးမသွားခင် တစ်ညမှာပဲ အဲဒီမင်းသမီးရဲ့ အတွင်းရေး ဗီဒီယိုတစ်ခုက ပေါက်ကြားလာတာကို အမျိုးသားဖြစ်သူဘန်က ကြည့်ရှုရင်း သဘောကျနှစ်ခြိုက်တဲ့ပုံပေါ်နေခဲ့ပါတယ်… အဲဒီလိုနဲ့ သမီးဖြစ်သူကို ရိုက်ကွင်းလိုက်ပို့ရင်း မင်းသမီးဖြစ်သူ အပေါ် စွဲလမ်းလာတဲ့ သူ့ယောကျ်ား ဘန်… ပြောလိုက်တဲ့စကားတိုင်းမှာ မင်းသမီးအလီဆီယာရဲ့ နာမည် မပါရင်မပြီးတဲ့ သမီးဖြစ်သူ မက်တီလ်ဒါ… ဒီလိုမူမမှန်မှုတွေကို သတိပြုမိလာတဲ့ အန်နက်ဒ်က ယောကျ်ားနဲ့ မင်းသမီးဖြစ်သူကို ဘယ်လိုစုံစမ်းမလဲ… ဘယ်လိုရွေးချယ်မှုတွေပြုလုပ်သွားမလဲဆိုတာကို စိတ်ဝင်တစားနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီတိုင်းကြည့်ရင် အစမှာပျင်းတယ်လို့ထင်ရစေနိုင်ပေမဲ့ Plot Twist ပါဝင်တဲ့ ကောင်းမွန်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ကြောင်း အသိပေးလိုက်ရပါတယ်.. File size… (886MB) / (563MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chothet_mlmt