
Magical Girl (2014) ဇာတ်လမ်းအကျဉ်းကတော့ အလုပ်ပြုတ်သွားတဲ့ ကျောင်းဆရာပတ်ဒရိုဟာ သွေးကင်ဆာဖြစ်နေတဲ့ သူ့သမီးကိုကုနေရင်းနဲ့ တစ်ဖြည်းဖြည်း လုံးပါးပါးလာပါတယ်။ဆရာဝန်ရဲ့ ပြောပြချက်အရ သူ့သမီးရဲ့ အသက်ဟာ ထင်သလောက် မလွယ်ကူမှန်းသိသွားတဲ့အခါ သမီးဖြစ်သူရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးဖို့ဆုံးဖြတ်လိုက်တယ်။ သမီးရဲ့ ဆန္ဒတွေထဲက တစ်ခုဖြစ်တဲ့ anime ထဲက အင်္ကျီကို ဝယ်ပေးချင်ပေမယ့် ဈေးကြီးလွန်းတာကြောင့် သူ့အသိမိတ်ဆွေတွေကို အကူအညီ တောင်းပေမယ့် အဆင်မပြေပါဘူး။ ကြံရာမရတဲ့အဆုံးမှာ ရတနာပစ္စည်းဆိုင်ကို ဖောက်ဖို့ကြိုးစားတဲ့အခါ သံသယလွန်ကဲလွန်းတဲ့ ယောက်ျားရဲ့ ထိန်သိမ်းမှုအောက်မှာနေရတဲ့ ဘာဘာရာနဲ့မထင်မှတ်ဘဲ ဆုံခဲ့တယ်။ ဘာဘရာရဲ့ယောက်ျားဟာ စိတ်ရောဂါဆရာဝန်ဖြစ်တဲ့အတွက် ငွေကြေးပြည်စုံပါတယ်။ အဲဒီညမှာပဲ ဘာဘရာဟာ ပတ်ဒရိုနဲ့ အိပ်ဖြစ်တယ်၊ အကြံကြီးတဲ့ပတ်ဒရိုဟာ အတူအိပ်ဖြစ်တဲ့အကြောင်းကို မှတ်တမ်းထင်ထားပြီး ဘာဘာရာဆီက ခြိမ်းခြောက်ငွေညစ်တဲ့အခါမှာတော့ ... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Tin Myo Lwin ပါ။) File Size : 1.3GB, 380MB, 228MB Quality :1080p BDRip, 720p BDRip, 480p Format : mp4 Duration : 2hr 7mins Genre : Drama, Thriller Translated by Tin Myo Lwin Encoded by Kinnov