
IMDb Rating - 6.2/10 Shwan Mendesအသံသရုပ်ဆောင်အဖြစ်ပါဝင်ထားတဲ့ musical comedyအသစ် Lyle,Lyle,Crocodile ဆိုတဲ့ ကားသစ်လေး ထွက် လာပါပြီ။ RT - 73%, metacritic - 51%အထိရထားပြီး musical ဖြစ်တာနဲ့ Shawn Mendesက မိကျောင်းလေးလိုင်းအဖြစ် သီချင်း ဆိုပြဦးမှာပါ။ မျက်လှည့်ဆရာ ဟက်တာ ပီ ဗဲလန်တီဟာ မအောင်မြင်တဲ့ပြကွက် တွေနဲ့ နာမည်ပျက်နေတဲ့ မျက်လှည့်ဆရာဖြစ်ပြီး ဘဝတစ်ဆစ်ချိုး ပြောင်းလဲစေမယ့် ပြကွက်ကိုရှာဖွေဖို့ ကြိုးစားနေသူပါ။ တစ်နေ့မှာ တိရစ္ဆာန်အရောင်းဆိုင်တစ်ခုမှာ သူရှာဖွေနေတဲ့ ပြကွက်တစ်ခုကို တွေ့သွားပါတယ်။အဲဒါကတော့ သီချင်းဆိုတတ်တဲ့ မိကျောင်းလေး တစ်ကောင်ပါ။ သူ့နာမည်ကို လိုင်းလို့ပေးလိုက်ပြီး ၂ယောက်တူတူ သီချင်းတိုက်ကာ အောင်မြင်တဲ့ပြကွက်တစ်ခုကို ဖန်တီးနိုင်မယ်လို့ ယုံကြည်ခဲ့ပေမယ့် ပွဲနေ့ကျမှ လိုင်းဆီက သီချင်းသံထွက်မလာလို့ ပိုနာမည်ပျက်သွားသလို ဗဲလန်တီလည်း လိုင်းကိုသူ့အိမ်ထပ်ခိုးမှာ စွန့်ပစ်သွားခဲ့ပါတယ်။ ဒီလိုနဲ့အချိန်တွေကြာတော့ ထိုအိမ်ကို ပိုင်ရှင်သစ်တွေရောက်လာပြီး လိုင်းကိုတွေ့သွားသလို သူတို့ကြား ဗရုတ်သုက်ခမျိုးစုံ ဖြစ်တဲ့အပြင် ပိုင်ရှင်ဟောင်း ဗဲလန်တီကပါ လိုင်းကိုပြန်လာရှာတဲ့အခါ အိမ်ပိုင်ရှင် အသစ်နဲ့အဟောင်းကြား အဆင်ပြေပါ့မလား၊လိုင်းကရော ဘယ်လို ပြဿနာတွေ ရှာဦးမလဲ။ လိုင်းရဲ့ အဆိုပါရမီကို ဗဲလန်တီနဲ့ အိမ်ရှင် အသစ်တွေ ဘယ်လိုဖော်ထုတ်ပေးပြီး အောင်မြင်မှုကို ဘယ်လိုမျိုး ရှာဖွေသွားမလဲဆိုတာ မိသားစုနဲ့အတူ ပေါ့ပေါ့ပါးပါး ကြည့်နိုင်မယ့် Family comedy, musicalကားလေးပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို JimXမှ ရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများကတော့ CM Team မှဖြစ်ပါတယ်) File Size..........(1.5 GB) / (680 MB) / (400 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 46mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Adventure, Comedy Translator.......CM Team Encoder..........SWM
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.5 GB | Download | |
| 720p | 680 MB | Download | |
| 1080p | 1.5 GB | Download | |
| 720p | 680 MB | Download |