
လူတိုင်းမှာ အိပ်မက်ပန်းတိုင်တစ်ခုတော့ ကိုယ်စီရှိကြစမြဲပါ၊ တချို့တွေက ကိုယ်ဖြစ်ချင်တဲ့ကိုယ့်ရဲ့အိပ်မက်ကို ငယ်ငယ်လေးတည်းကသိပြီး အကောင်အထည်ဖော်ဖို့ ကြိုးစားနေကြသလို တချို့ကလည်း ကိုယ့်ရဲ့အိပ်မက်က ဘာလဲဆိုတာသိဖို့ ကြိုးစားရှာဖွေနေဆဲသူတွေလည်း ရှိတာပေါ့၊ နိတ်ဆိုတဲ့ ကောင်လေးကတော့ အလယ်တန်းကျောင်းသားဘဝကတည်းက ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ တစိုက်မတ်မတ် ကြိုးစားနေသူပေါ့၊ ဘရော့ဒ်ဝေးပြဇာတ်ရုံတွေမှာ ကြီးကျယ်ခမ်းနားတဲ့ပြဇာတ်တွေကို အဓိကနေရာမှာ ကပြပြီး ဘရော့ဒ်ဝေးပိုင်းမှာအမြင့်ဆုံးဖြစ်တဲ့ တိုနီဆုကြီးကို အရယူဖို့ပါ၊ လူက ငယ်ငယ်၊ အကြံကကြီးကြီး ခါချဉ်ကောင်မာန်ကြီးလို့ တောင်ကြီးဖြိုမယ် ကြံပေမယ့် ဆရာသမားလေး နိတ်ခမျာ ကျောင်းကပွဲမှာ ဖြတ်လျှောက်နေရာကတောင် အရွေးမခံရအောင်ကို ပါရမီရှိပြီး စန်းပိတ်နေတဲ့သူပေါ့၊ တစ်နေ့တော့ နယူးယောက်ရွှေမြို့တော်ကြီးရဲ့ ဘရော့ဒ်ဝေးမှာ ကပြရင်း နာမည်ကြီးလာနိုင်တဲ့ ပဏာမလူရွေးပွဲအကြောင်း သိလိုက်တဲ့နောက် သူနေထိုင်ရာ ပစ်ဘာ့ဂျ်မြို့လေးကနေ NYအထိ မိဘမသိအောင် အိမ်ပြေးလေးလုပ်ရင်း သူ့ရဲ့အိပ်မက်ခရီးလမ်းကို စတင်လျှောက်လှမ်းခဲ့ပါတော့တယ်၊ Disney ကနေ အသစ်ထွက်ရှိထားတဲ့ Family, Musical, Comedyဇာတ်ကားဖြစ်ပြီး IMDb 6.1, RTမှာတော့ 91%အထိ ရရှိထားပါတယ်၊ Musicalနဲ့ Playလောကကြီးရဲ့သဘာဝကို အတွင်းကျကျရိုက်ကူးထားသလို သီချင်းတွေကလည်း အတော်နားထောင်လို့ကောင်းပါတယ်၊ ပေါ့ပေါ့ပါးပါးနဲ့ အလောင်အမြိုက်ကင်းတဲ့ မြူးမြူးကြွကြွလေးတွေ ကြည့်ချင်သူရော၊ မိသားစုနဲ့ အတူကြည့်ရှုဖို့ရော သင့်တော်တဲ့ ဇာတ်မြူးလေးပဲဖြစ်ပါတယ်၊ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre.....Family, Musical, Comedy Quality….4k HEVC and WEB-DL 1080p and 720p File size…3.8GB and 1.6 GB and 688 MB and 297 MB Format…mp4 Duration….1h 34min Subtitle….Myanmar Subtitle (Hardsub) Translator ..... JimX Encoder .....August
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.6GB | Download | |
| 720p | 688MB | Download | |
| 1080p | 1.6GB | Download | |
| 720p | 688MB | Download |