
မိန်းကလေးတွေ ကြုံဖူးနေကျအတိုင်း ကိုယ်ဟာ victim ဖြစ်ပေမယ့် ပတ်ဝန်းကျင်ကြောင့် မိဘအသိုင်းအဝိုင်းကြောင့် victim ဖြစ်ပါတယ်လို့ ထုတ်ဖော်မပြောရဲဘဲ မြိုသိပ်ခဲ့ရတာအပြင် တစ်ခါတစ်ရံမှာ ကိုယ်ဟာ ကျူးလွန်သူရယ်လို့ တဖန်ပြန်လည် စွပ်စွဲခံကြရပါသေးတယ်။ အများအမြင်မှာတော့ ကံကောင်းတဲ့မိန်းကလေးပါလားလို့ အားကျကြပေမယ့် အတွင်းစိတ်ထဲမှာတော့ ဖုံးကွယ်ထားတဲ့ ဒဏ်ရာတွေအပြည့်နဲ့ပေါ့။ ဒီဇာတ်ကားလေးကလည်း အဲ့ဒီလိုဖြစ်ရပ်မျိုးကို အခြေခံပြီး ရိုက်ကူးထားတာပါ။ New York မြို့က မဂ္ဂဇင်းတိုက်တစ်ခုမှာ Editor တစ်ယောက်ဖြစ်ပြီး ဥစ္စာပေါရုပ်ချောခင်ပွန်းလောင်းနဲ့လည်း မကြာခင်မှာ လက်ထပ်ရမယ့် Ani တစ်ယောက် မြို့ကြီးပြကြီးမှာတော့ လူအများအမြင် ပြည့်စုံတဲ့ကောင်မလေးတစ်ယောက်ပေါ့။ ဒါပေမယ့် တစ်နေ့မှာ Documentary ရိုက်တဲ့ ဒါရိုက်တာတစ်ယောက်ဟာ Ani တက်ခဲ့တဲ့ ကောလိပ်က ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့အကြောင်းရိုက်ကူးဖို့ လာကမ်းလှမ်းတဲ့အခါမှာတော့ အတိတ်က ဖုံးကွယ်ထားတဲ့ ပုံရိပ်တချို့ဟာ တစ်စတစ်စ ပိုမိုထင်ဟပ်လာပါတော့တယ်။ လူအများထင်ထားခဲ့သလို ပစ်ခတ်မှုမှာ ဗီလိန်ဟာ ဗီလိန်မဟုတ်သလို လူစွမ်းကောင်းကြီးဟာလည်း လူစွမ်းကောင်း ဟုတ်မနေခဲ့ပါဘူး။ ဒါ့အပြင် ဒီပစ်ခတ်မှုဖြစ်ပွားဖို့ မြစ်ဖျားခံရာ ဖုံးကွယ်ခဲ့တဲ့ ပြစ်မှုတွေဟာလည်း ပြန်လည်ပေါ်ပေါက်လာတဲ့အခါ ... ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ရင်တထိတ်ထိတ်နဲ့ ဆက်လက် ကြည့်ရှု အဖြေရှာလိုက်ကြပါစို့။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Jane ပါ။) File Size : 1.5GB, 691MGB, 385MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 53mins Genre : Drama, Mystery, Thriller Translated by Jane Encoded by Kinnov
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.5 GB | Download | |
| 720p | 691 MB | Download |