
သူမွေးတုန်းက သူ့နာမည်က လင်ဒါဘိုးမန်း။အဖေ့ဘက်က မျိုးရိုးနာမည်ကို ယူတဲ့ထုံးစံအရ ဘိုးမန်းကို ယူထားတာပေါ့။ နောက်တော့ ချက် ထရေနာဆိုတဲ့ ဘဲနဲ့ အိမ်ထောင်ကျပြီး လင်ဒါ ထရေနာဆိုပြီး ဖြစ်လာတယ်။ အပြာကားမင်းသမီး ဖြစ်လာချိန်မှာတော့ သူဟာ လင်ဒါလက်ဗလေ့စ်ဆိုတဲ့ နာမည်နဲ့ အောင်မြင်ခဲ့တယ်။လက်ဗလေ့(စ်)ဆိုတာက ဘာမျိုးရိုးနာမည်မှ မဟုတ်ဘူး။ အခွေထွက်ခါနီး ပရိုဂျူဆာဘဲက(ချစ်ဖို့ကောင်းတဲ့ နှောင်ကြိုးလေး ) Lovely Lace …. Lovelace ဆိုပြီး ပေးလိုက်လို့ ဖြစ်လာတဲ့နာမည်။ ဒီလိုနဲ့ သူ့ရဲ့ ပထမဆုံး Pornographic film Deep Throat အပြီးမှာ သူဟာ အဲ့ဒီနာမည်နဲ့သျှမ်းသျှမ်းတောက် အောင်မြင်လာတယ်။သူပါတဲ့ Deep Throat ဟာလည်း ရုံကနေကို မချရတဲ့အထိအောင်မြင်လာလို့ အပြာလောကရဲ့ Gone With The Wind လို့ကို ပြောစမှတ်တွင်ခဲ့တယ်။ ဒါပေမယ့် ဒီလိုကျော်ကြားမှုတွေ အောင်မြင်မှုတွေရဲ့ နောက်မှာတော့ လူတွေ မမြင်နိုင်ခဲ့တဲ့ အဖြစ်ဆိုးတွေ ရှိနေခဲ့တယ်။ ဒီကားက 1970 တစ်ဝိုက်မှာ သျှမ်းသျှမ်းတောက် အောင်မြင်ခဲ့တဲ့ အပြာမင်းသမီး Linda Lovelace အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဘာသာရေးကိုင်းရှိုင်းတဲ့ ရှေးရိုးစွဲမိသားစုကလာတဲ့ လင်ဒါလက်ဗလေ့(စ်)၊ အရှက်အကြောက်ကြီးတဲ့ ကလေးမလေး လင်ဒါလက်ဗလေ့(စ်) ၊ဒီလို လင်ဒါလက်ဗလေ့(စ်)တစ်ယောက်ဟာ ဘယ်လို ကံတရားတွေကြောင့် အပြာကားမင်းသမီး ဖြစ်လာတာလဲ၊ဒီဘဝကိုရွေးချယ်ဖို့ သူ့ကို ဘယ်လို အရတွေကတွန်းအားပေးခဲ့သလဲဆိုတာကို ဒီကားမှာ စိတ်ဝင်စားဖွယ်၊ စိတ်မသက်သာဖွယ် မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်ခင်ဗျ။ File size…1.91GB / 781.9MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 33m Genre ..... Biography , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Damien
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.9 GB | Download | |
| 1080p | 1.9 GB | Download | |
| 720p | 781 MB | Download |
ထုတ်လွှင့်သည့်နေ့
August 8, 2013
ကြာချိန်
1h 32m
အဆင့်သတ်မှတ်ချက်
6.0 / 10
Director
Rob Epstein, Jeffrey Friedman