
Lisabi: The Uprising (2024) IMDb Rating (5.9) Netflix ရဲ့ Historical Drama တွေထဲကမှ အာဖရိကန် သမိုင်းကြောင်းနောက်ခံရုပ်ရှင်ဖြစ်တဲ့ Lisabi: The Uprising ဟာ 2024 ခုနှစ်မှာထွက်ရှိခဲ့ပြီးတော့ နိုင်ဂျီးရီးယားနိုင်ငံက သူရဲကောင်း Lisabi ရဲ့ဇာတ်ကြောင်းကို မှီငြမ်းရိုက်ကူးထားတာဖြစ်ပါတယ်။ Oyo အင်ပါယာကို အင်မတန်မှရက်စက်ကြမ်းကြုတ်တဲ့ ဘုရင် Alaafin အုပ်စိုးချိန်မှာ လက်အောက်ခံနိုင်ငံတွေကို မတရားအခွန်ကောက်ခံရင်းက ဖိနှိပ်အနိုင်ကျင့်မှုတွေလုပ်လာပြီးတဲ့နောက် Egba နိုင်ငံငယ်ဆီကိုလည်း ဒီလိုကံကြမ္မာဆိုးကျရောက်လာခဲ့ပါတယ်။ Egba ကလူတွေဟာ တစ်နေ့ထက်တစ်နေ့ အနိုင်ကျင့်ခံ အသတ်ခံရလာခဲ့ပြီး ဒီလိုဖိနှိပ်မှုတွေကနေ လွတ်မြောက်စေဖို့ စတင်ကြိုးစားခဲ့သူကတော့ Lisabi ဆိုတဲ့ Egba က လယ်သမားတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့ Lisabi ရဲ့အချစ်ဆုံးသူငယ်ချင်း Osokenu တစ်ယောက် မင်္ဂလာဆောင်တဲ့နေ့မှာပဲ အသတ်ခံလိုက်ရပြီးတဲ့နောက် သွေးကြွေးဆပ်ဖို့ စိတ်တွေပြင်းထန်လာရင်း ဒီလိုအဖြစ်ဆိုးတွေ ထပ်မဖြစ်စေဖို့ ကာကွယ်ဖို့ ကြိုးစားပါတော့တယ်။ အခုလိုကြိုးစားရင်း တိုက်ခိုက်ရဖို့ အကြောင်းဖန်လာတဲ့အခါ Lisabi တစ်ယောက် သူ့နိုင်ငံနဲ့ပြည်သူတွေအကျိုးကို ကာကွယ်ဖို့အတွက် ဘယ်လိုတွေလုပ်ဆောင်မလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပြီး Oyo အင်ပါယာက အခွန်ကောက်သမားတွေရဲ့ယုတ်မာရက်စက်မှုတွေနဲ့ တချိန်တုန်းက နိုင်ဂျီးရီးယားနိုင်ငံရဲ့ လူနေမှုဘဝ စီးပွားရေး အုပ်ချုပ်ရေးနဲ့ သမိုင်းကြောင်းတချို့ကို သိမြင်လာနိုင်အောင် ပုံဖော်ရိုက်ကူးထားတာမို့ သမိုင်းကြောင်း စိတ်ဝင်စားသူတွေ အကြိုက်တွေ့စေမယ့် ရုပ်ရှင်ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Vivien ဖြစ်ပါတယ်။) File size…(2.5 GB) / (1.2 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:47:44 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Vivien
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.5 GB | Download | |
| 1080p | 2.5 GB | Download | |
| 1080p | 2.5 GB | Download | |
| 1080p | 2.5 GB | Download | |
| 720p | 1.2 GB | Download | |
| 720p | 1.2 GB | Download | |
| 720p | 1.2 GB | Download | |
| 720p | 1.2 GB | Download | |
| 720p | 1.2 GB | Download | |
| 720p | 1.2 GB | Download |
ထုတ်လွှင့်သည့်နေ့
September 27, 2024
ကြာချိန်
1h 47m
အဆင့်သတ်မှတ်ချက်
5.9 / 10
Director
Niyi Akinmolayan