
Lionel Messi: Destiny (2023) ဒီ Documentary ကို BBC UK က ရိုက်ကူးတင်ဆက်ခဲ့တာ ဖြစ်ပြီး ၂၀၂၂ ဒီဇင်ဘာမှာကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်း ဗိုလ်စွဲခဲ့တဲ့အကြောင်း Footage တွေ Interview တွေအစုံနဲ့ တင်ဆက်ထားတာပဲ ဖြစ်ပါတယ်။ ဘောလုံးပရိသတ်တွေအားလုံး သိပြီးသားဖြစ်တဲ့အတိုင်း အာဂျင်တိုင်းသားတွေဟာ အဖွင့်ပွဲစဉ်မှာ အုပ်စုတွင်းအင်အားအနည်းဆုံးလို့ ပြောရမယ့် ဆော်ဒီအာရေဗျကို ၂-၁ ရလဒ်နဲ့ အရေးနိမ့်ပြီး အုပ်စုကထွက်ရမယ့် အနေအထားကနေ လက်ကျန်ပွဲတွေဖြစ်တဲဲ့ မက္ကဆီကိုနဲ့ ပိုလန်ကို အနိုင်ကန်ပြီး ရှုံးထွက်အဆင့်မှာ ဩဇီ၊ ကွာတားမှာ နယ်သာလန်၊ ဆီမီးမှာ ခရိုအေးရှားနဲ့ ဗိုလ်လုပွဲမှာ လက်ရှိချန်ပီယံ ပြင်သစ်တို့ကို အနိုင်ယူကျော်ဖြတ်ကာ သူတို့ရဲ့ ၃ကြိမ်မြောက် ကမ္ဘာ့ဖလားကို ရယူသွားခဲ့တာပါ။ ဒီပွဲမှာ လူတိုင်းစောင့်ကြည့် ထုတ်ခဲ့တဲ့မေးခွန်းက ကမ္ဘာ့အကောင်းဆုံးကစားသမား The Greatest of All Time လို့ သတ်မှတ်ထားကြတဲ့ အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီတစ်ယောက် သူရဲ့ပထမဆုံးကမ္ဘာ့ဖလားကို ရယူသွားနိုင်မလားဆိုတဲ့မေးခွန်းပါ။ ၂၀၂၂ပြိုင်ပွဲဟာ လီယိုရဲ့ ၅ကြိမ်မြောက်ကမ္ဘာ့ဖလားဖြစ်သလို နောက်ဆုံးပြိုင်ပွဲလည်းဖြစ်သွားနိုင်တဲ့အခြေအနေမှာ ပေါ်တူဂီအသင်းရဲ့ခေတ်ပြိုင်ကြယ်ပွင့် စီရော်နယ်ဒိုနဲ့ ဘယ်သူကပိုသာလဲ ဘယ်သူက GOAT အစစ်လဲဆိုတဲ့ အားပြိုင်မှုတွေရှိသလို အာဂျင်တီးနားဂန္ထဝင်ကြီး ဒီယေဂိုမာရာဒိုနာ စွမ်းဆောင်ခဲ့သလိုမျိုး ကမ္ဘာ့ဖလားကိုအရယူပြီး အာဂျင်တိုင်းတွေရဲ့ ဂန္ထဝင်အစစ်ဖြစ်နိုင်မလား စောင့်ကြည့်ခဲ့သူတွေလည်း ဒုနဲ့ဒေးပါပဲ။ ဒါပေမဲ့ လီယိုက ဒီဖိအားနဲ့ သံသယတွေကို အကောင်းဆုံးကျော်ဖြတ်ပြီး အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလားရရှိအောင် ဦးဆောင်ခဲ့သလို အကောင်းဆုံးဆုဖြစ်တဲ့ ရွှေဘောလုံးဆုကိုပါ အရယူသွားခဲ့ပါတယ်။ ဒီဒိုကူမှာ လီယိုရဲ့ဦးဆောင်မှုတွေ အာဂျင်တိုင်းအသင်းသားတွေရဲ့ ပေးဆပ်ကစားမှုတွေကို မြင်တွေ့ရမှာဖြစ်သလို ပြိုင်ပွဲတလျှောက် အကောင်းဆုံး Highlight တွေကိုပါ ပရိသတ်တွေအနေနဲ့ ပြန်လည်ခံစားနိုင်မှာပါ။ ဘာသာပြန်သူအနေနဲ့က နာမည်ကြီးပွဲတင်ဆက်သူ Peter Drury ရဲ့ "Messi has shaken hands with paradise" အစချီတဲ့ Iconic Monologues ကို ပြန်ခံစားချင်ပေမယ့် BBC ရဲ့ Docu ဖြစ်နေတဲ့အတွက် BBC ပွဲတင်ဆက်သူတွေရဲ့ကြေညာသံနဲ့ပဲ ကျေနပ်လိုက်ရပါတယ်။ တကယ်လို့ သင်ဟာ လီယွန်နယ်မက်ဆီရဲ့ ပရိသတ်ဖြစ်တယ်ဆိုရင်၊ ကမ္ဘာ့ဖလားအောင်မြင်မှုဟာ နိုင်ငံတိုင်း၊ လူတိုင်းလိုချင်တပ်မက်ရတဲ့ အကြောင်းရင်းကိုသိချင်ရင် BBC ရဲ့ ဒီ Documentary က သင်တို့အတွက်ပါပဲ။ (ဒီမှတ်တမ်းရုပ်ရှင်နဲ့အညွှန်းကို X မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.75GB, 690MB Quality - 1080p, 720p TMDb Rating - 7/10 Format - mp4 Duration - 1H Genre - Documentary, Sport Subtitle - Myanmar Subtitle (Hardsub) Translated by X Encoded by Y
ဒေါင်းလုပ်လင့်ခ်များမရှိသေးပါ
ထုတ်လွှင့်သည့်နေ့
May 27, 2023
ကြာချိန်
59m
အဆင့်သတ်မှတ်ချက်
7.0 / 10
Director