
"လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရပြီး ခြိမ်းခြောက်အကျပ်ကိုင်ခံရတဲ့အခါ မိန်းကလေးတွေရဲ့ဘဝပဲ အမြဲပျက်စီးသွားပြီး ယောက်ျားလေးတွေကတော့ ဘာမှမဖြစ်ပါဘူး" တဲ့။ ဒီဇာတ်ကားထဲက ဇာတ်ကောင်တစ်ယောက် ပြောတဲ့စကားပါ။ အပြင်လောကမှာလည်း ဘယ်လောက်ပဲ ခေတ်မီပြီး အမြင်ကျယ်လာတယ်ပြောပြော မိန်းကလေးတွေကပဲ စိတ်ဒဏ်ရာတွေကို ပိုခံစားရတတ်ပါတယ်။ ဒီဇာတ်ကားကတော့ ASMR ဗီဒီယိုတွေ ရိုက်ကူးတင်ဆက်တဲ့ Channel တစ်ခု ထောင်ထားပြီး စိတ်ကူးအိပ်မက်တွေအပြည့်ရှိတဲ့ ဆယ်ကျော်သက်အရွယ် ကောင်မလေးနှစ်ယောက်၊ သူတိူ့နှစ်ယောက်ထဲနှာ တစ်ယောက်က လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်အကျပ်ကိုင်ခံရတော့ သူငယ်ချင်းနှစ်ယောက် အဲဒါကို ဘယ်လိုကြံ့ကြံ့ခံရင်ဆိုင်သွားမလဲဆိုတာ ရိုက်ကူးထားတာဖြစ်ပါတယ်။ IMDb 7.2 ရထားပြီး ဆုသုံးခုရထားတဲ့ အင်ဒိုနီးရှားဇာတ်ကားကောင်းလေး ဖြစ်တဲ့အပြင် အာရှနိုင်ငံတွေရဲ့ သိပ်မကွဲပြားတဲ့ အယူအဆတွေကိုလည်း တွေ့ရမှာပါ။ အပြင်လောကမှာလည်း ဒီဇာတ်ကားထဲကလို ဖြစ်တတ်တဲ့ကိစ္စတွေရှိတော့ ဒီဇာတ်ကားကိုကြည့်ရင်း တစ်ခုခုကိုခံစားရမှာတော့ သေချာပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 1.2GB | 606MB | 306MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moh Moh Encoder ..... Aaron