
ဒီရုပ်ရှင်လေးကို ဘာသာပြန်နေရင်းနဲ့ “အနုပညာစစ်မှန်ရင် ဘယ်လိုရောဂါမျိုးမဆို ကုစားနိုင်တယ်”ဆိုတဲ့ စကားတစ်ခွန်းကိုပြန်အမှတ်ရမိပါတယ်။ ကျွန်တော်တို့ ဝမ်းနည်းနေရင် သီချင်းတစ်ပုဒ်ကို ထပ်ခါတလဲလဲနားထောင်တာဖြစ်ဖြစ် မီးလေးပိတ်၊စောင်လေးခြုံပြီး ရုပ်ရှင်ကြည့်ရင်းနဲ့ဖြစ်ဖြစ် အချိန်ဖြုန်းကြပြီး ဒဏ်ရာကိုပြန်လည်ကုစားကြတယ်မလား။ အော်တစ်ဇင်ဆိုတဲ့ ရောဂါအကြောင်းကို ရုပ်ရှင်ချစ်သူတော်တော်များများ သိကြမှာပါ။ ဒီရုပ်ရှင်ထဲမှာတော့ အော်တစ်ဇင်ရောဂါအကြောင်းကို ရှင်းပြပေးပြီး ဒရာမာဆန်ဆန် ဝမ်းနည်းဖို့ကောင်းအောင် ဖန်တီးထားတာမဟုတ်ပါဘူး။ ကျွန်တော်သေချာပြောနိုင်တာတစ်ခုက ဒီရုပ်ရှင်လေးကြည့်ပြီး စိတ်ဓါတ်ခွန်အားရလာပါလိမ့်မယ်ဗျာ။ ဇာတ်လမ်းလေးကို မိတ်ဆက်ပေးရရင်… အိုဝင်ဆက်စကိုင်းဆိုတာ အရမ်းသွက်လက်ပြီး တက်ကြွတဲ့ကလေးငယ်လေးတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အသက်သုံးနှစ်အရွယ်ရောက်တော့ မိဘတွေအတွက် အိုဝင်ဆိုတာ ပျောက်သွားခဲ့သလိုမျိုး သွက်လက်တက်ကြွပြီး ပျော်ပျော်နေတတ်တဲ့ပုံရိပ် မရှိတော့ပါဘူး။ မပီမသစကားတွေပြော၊ အော်ဟစ်သောင်းကျန်းပြီး အရမ်းရန်လိုတတ်တဲ့ အိုဝင်ကို ကလေးအထူးကုဆရာဝန်နဲ့ စမ်းသပ်စစ်ဆေးကြည့်တော့ “အော်တစ်ဇင်”ဆိုပြီး ခေါင်းစဉ်တပ်ပါသတဲ့။ အဲ့ဒီခုနှစ်များဆီက “အော်တစ်ဇင်”ဆိုတာ ထူးခြားတဲ့ရောဂါဖြစ်ခဲ့ပြီး မိဘတွေအတွက် စိတ်မချဖြစ်စေတဲ့ရောဂါတစ်ခုပါ။ မပီမသစကားတွေပြောလာတဲ့ အိုဝင်က ရုတ်တရက်ကြီး စကားစပြောတဲ့အခါ ဒစ်စနေကာတွန်းထဲက “Just your voice” ဆိုတဲ့စာကြောင်းဖြစ်လာတဲ့အခါမှာတော့… အိုဝင်တစ်ယောက် အော်တစ်ဇင်ရောဂါနဲ့အတူ ငယ်ဘဝကိုဘယ်လိုဖြတ်သန်းခဲ့ရလဲ? အရွယ်ရောက်လူငယ်ဘဝကိုရော ဘယ်လိုကျော်ဖြတ်ရမလဲ? ဒစ်စနေကာတွန်းရုပ်ရှင်ကရော သူ့အတွက် ဘယ်လိုမျိုးတွန်းအားပေးခဲ့သလဲဆိုတာတွေကို အတွေးတစ်စရအောင် သေချာရိုက်ပြထားတာမို့ ကြည့်သင့်တဲ့ရုပ်ရှင်ကားကောင်းလေးပါပဲခင်ဗျာ…. File size… 1.1 GB / 630 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 32m Genre ….. Comedy/Documentary Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JoJoVa