
Cast တွေကို ကြည့်လိုက်ရုံနဲ့တင် ပေါ့ပေါ့တန်တန်ကား မဟုတ်တာ သဘောပေါက်ကြမယ့် ၂၀၁၂ ထွက် Drama Comedy ဇာတ်ကားလေးတစ်ကားပါ။ ပုရိသတို့အသည်းစွဲ မမ Elizabeth Olsen ရယ်၊ HIMYM က ကိုယ်တွေရဲ့ ဘော်ဒါကြီးတက်ဒ် ဖြစ်တဲ့ Josh Radnor တို့ရယ်ဆိုတော့ အတိုင်းထက်အလွန်ပေါ့။ ဒီဇာတ်ကားလေးမှာတော့ တက်ဒ်ဟာ ကျောင်း၀င်ခွင့်အရာရှိတစ်ယောက်ဖြစ်တဲ့ ဂျက်ဆီနေရာကနေ သရုပ်ဆောင်ထားပါတယ်။ HIMYM မှာကတည်းက အသည်းကွဲဘော်ဒါကြီး တက်ဒ်ဟာတော့ ဒီထဲမှာလည်း အိမ်ထောင်ကွဲခါစ အသည်းကွဲသမားကြီး ဖြစ်နေပြန်ပါတယ်။ ဂျက်ဆီရဲ့ ကျောင်းသားဘ၀က ဆရာဖြစ်သူ ပီတာရဲ့ အငြိမ်းစားယူပွဲလေးကြောင့် ကောလိပ်တက်ခဲ့ရာဒေသကို ခဏပြန်လာခဲ့ရင်း ကျောင်းသူတစ်ဦးဖြစ်တဲ့ ဇစ်ဘီနဲ့ ဆုံမိကြတယ်။ အိမ်ထောင်ကွဲခါစ ဂျက်ဆီနဲ့ ကောလိပ်က တွဲပြတ်ထုံးစံကြီးနဲ့ ချစ်ရေးချစ်ရာကို အသားမကျတဲ့ ဇစ်ဘီတို့ဟာ အသက် ၁၈ နှစ်ကွာပေမယ့် ခပ်မြန်မြန်ပဲ ရင်းနှီးခဲ့ကြတယ်။ သူတို့နှစ်ဦးဟာ လမ်းခုလတ်မှာ ခဏတဖြုတ်တွေ့ဆုံကြမယ့်သူတွေလား၊ ဘ၀လက်တွဲဖော် ဖူးစာဆုံကြမယ့်သူတွေလားဆိုတာကို အချစ်ဒဿန ဘ၀ဒဿနတွေနဲ့ ခပ်ပါးပါးလေးပုတ်ထားတဲ့ ဇာတ်ကားတစ်ကားမို့ ကြည့်ဖို့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်ဖြစ်ကြောင်း အသိပေးလိုက်ပါရစေ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Chuck မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.05GB, 1.05GB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 37Min Genre - Comedy, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Chuck Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.05GB | Download | |
| 720p | 1.05GB | Download | |
| 1080p | 2.05GB | Download | |
| 720p | 1.05GB | Download |