
(18 ယောက်ဖြစ်ဖြစ် 21 ယောက်ဖြစ်ဖြစ် စုကြည့်ရမဲ့ ကားမျိုးဖြစ်တာကြောင့် မိသားစုနဲ့ ကြည့်ဖို့တော့ မသင့်တော်ပါဘူးခင်ဗျာ) 1928 ခုနှစ်တုန်းက ဒီနာမည်နဲ့ပဲ ထွက်ရှိခဲ့တဲ့ ဝတ္ထုဟာ ညစ်ညမ်းစာပေအဖြစ်နဲ့ အဲဒီခေတ်ကာလအခြေအနေအရ နိုင်ငံအတော်များများမှာ ပိတ်ပင်ခြင်းခံခဲ့ရပါတယ်။ ဒီဝတ္ထုကိုပဲ ရုပ်ရှင်၊ ဇာတ်လမ်းတွဲအဖြစ် မြောက်မြားစွာရိုက်ကူးခဲ့ကြပေမဲ့ သိပ်မအောင်မြင်ကြပါဘူး။ ဒီတစ်ခေါက် Netflix က ထွက်တဲ့ ဗားရှင်းကိုတော့ အတော်လေးချီးကျူးထားကြတာ တွေ့ရပါတယ်။ ပြီးတော့ မင်းသမီးဟာလည်း The Crown Season 4 မှာ မင်းသမီးဒိုင်ယာနာအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Emma Corrin ဖြစ်ပါတယ်။ အင်္ဂလိပ်ရုပ်ရှင်လောကရဲ့ နောက်ထပ်တောက်ပလာမယ့် ကြယ်ပွင့်အဖြစ် အလားအလာရှိနေသူလေးလည်းဖြစ်ပါတယ်။ ဒီကားထဲက sex scene တွေဟာ ရမ္မက်စိတ်ကို နှိုးဆွပေးတယ်ဆိုတာထက် ပန်းချီကားတစ်ချပ်ကို ကြည့်နေရသလိုပါပဲ။ သစ်ပင်တွေကြားထဲမှာ၊ လယ်ကွင်းထဲမှာ၊ စမ်းချောင်းဘေးမှာစတဲ့ မြင်ကွင်းပေါင်းစုံမှာ အိပ်မက်ဆန်ဆန် မှုန်ဝါးဝါးပန်းချီကားအစုံကို ကြည့်နေရသလိုပါပဲ။ ကျွန်တော်သဘောကျတဲ့ မြင်ကွင်းတစ်ခုဆိုရင် အပြာရောင်ကောင်းကင်တစ်ဝက်၊ အစိမ်းရောင်မြက်ခင်းပြင်တစ်ဝက်နဲ့ အလယ်ဗဟိုမှာ သရုပ်ဆောင်နှစ်ယောက်ရဲ့ အရိုင်းဆန်စွာနဲ့ လှုပ်ရှားနေတဲ့ ကင်မရာရိုက်ချက်ပါပဲ။ ဇာတ်လမ်းအကျဉ်းလေး ပြောရရင်တော့ ... လက်ထပ်ပြီးမကြာခင်မှာပဲ ပထမကမ္ဘာစစ်ကြောင့် Connie ရဲ့ ခင်ပွန်းသည်ဖြစ်သူဟာ ခါးအောက်ပိုင်း သေသွားပါတယ်။ စစ်ကြီးပြီးလို့ ခင်ပွန်းသည်ရဲ့ Wragby အမွေခံအိမ်ကြီးဆီ ပြန်လာနေကာ ကျောက်မီးသွေးမိုင်းတွင်းတွေကို ဦးစီးလုပ်ကိုင်ရပါတယ်။ ခင်ပွန်းဟာ အောက်ပိုင်းသေနေတဲ့အတွက် လိင်မှုကိစ္စလည်း လုပ်နိုင်စွမ်းမရှိတဲ့အပြင် သူ့အပေါ်ကို ချစ်သူဇနီးမယားတစ်ယောက်အနေနဲ့ မဟုတ်ဘဲ နာ့စ်တစ်ယောက် အိမ်အကူတစ်ယောက်အဖြစ် မှီခိုလာပါတော့တယ်။ ရုတ်တရက် မြို့ကြီးပြကြီးကနေ ကျေးလက်ဒေသကို ပြောင်လာမှုကြောင့် အသားမကျမှု၊ ခင်ပွန်းရဲ့ တဖြည်းဖြည်းအေးစက်လာမှု၊ ကာမ လိုအင် မပြည့်ဝမှု စတာတွေကြောင့် Wragby ခန်းမဆောင်ဟာ သူ့အတွက် မည်းမှောင်တိတ်ဆိတ်တဲ့ နေရာအဖြစ်မြင်လာပါတော့တယ်။ ဒီအရာတွေဟာ သူတို့အိမ်တော်က မွေးမြူရေးအလုပ်သမား Oliverနဲ့ တွေ့တဲ့အခါ အသစ်တဖန်ပြန်အသက်ဝင်လာပါတယ်။ ဝိဉာဉ်မဲ့နေတဲ့ Connieအတွက် Oliverဟာ ပြန်လည်အသက်ဆက်စရာ ကြိုးတစ်ချောင်း ဖြစ်လာတဲ့အခါ ... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Jane ပါ။) File Size : 3.1GB, 1.1GB, 507MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 2hr 6mins Genre : Drama, Romance Translated by Jane Encoded by Kinnov