
IMDb-6.7/10 ငယ်ငယ်ကသွားကြီးလေး ကြီးမှခန့်ချောလေးဖြစ်လာတဲ့ Darsheel Safary ၊ အပြင်မှာခပ်လန်းလန်းနေတတ်ပြီး ရိုးအတဲ့ဇာတ်ကောင်နေရာနဲ့ Manasi Parekh ၊ ဆံဖြူသည်ထိ မပင်မပန်း ကျရာဇာတ်ကောင်မျိုးစုံလုပ်နိုင်နေသေးတဲ့ မင်းသမီးကြီးRatna Pathak Shah အရွယ်သုံးပါးစုံစုံလင်လင် ကြည့်ရှုရမဲ့ကားလေးဖြစ်ပါတယ် ဇာတ်လမ်းအညွှန်း ကိုယ့်မွေးနေ့မှာတောင် ကျန်တစ်အိမ်သားလုံးရဲ့အကြိုက်တွေကိုရွေးပြီး စုံနေအောင်ချက်ပေးတတ်တဲ့ မွန်ဂီဟာ သူ့ကိုယ်သူအိမ်ထောင်ရေးကံ မိသားစုကံကောင်းလွန်းသူပါဆိုပြီး ပျော်နေသူပေါ့ သူက မိသားစုအရေးနဲ့ မီးဖိုချောင်ထဲမှာပဲဘဝကိုမြှုပ်ထားပေမဲ့ ဘာမှမသိမတတ် နုံနုံအအတော့မဟုတ်ပါဘူး သူ့ခင်ပွန်း ဒါမက်ရှ်ကတော့ ခပ်ရိုးရိုးပုံတုံးတုံးနေတဲ့အိမ်ရှင်မကို အထင်မကြီးလူရာမသွင်းပါဘူး မွေးနေ့ကိုတောင် ဘေးလူပြောမှသိ ဟတ်ပီးဘတ်ဒေးပြောပေးဖို့တောင် နှုတ်ဆွံ့နေသတဲ့ ဒီလိုအိမ်ထောင်ရေးမှာဖြစ်လာမဲ့အဖုအထစ်ကတော့ ဖောက်ပြန်မှုကလွဲတခြားမရှိ.... ဒါမက်ရှ် ရုံးကလုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ဖောက်ပြန်နေမှန်းသိလိုက်ရချိန် ဒီလူကိုပဲတစ်မျက်နှာတစ်ကမ္ဘာလုပ်ထားတဲ့ မွန်ဂီတစ်ယောက် ဘယ်လိုရှေ့ဆက်မလဲ... အိမ်ထောင်ဆိုတာ မကုန်မခမ်းနိုင်အမျိုးစုံသုခဒုက္ခပေါင်းစုံရာကမ္ဘာပဲလေ ဒီတော့ဒီကားမှာရော ဒီလိုပဲဖန်တရာထေဇာတ်လမ်းပုံစံဖြစ်နေပါ့မလား ဘယ်လိုမတူညီတဲ့ရှုထောင့်တွေပါမလဲ... (အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Yunni ~ Aditi ~ YH ~ V တို့ပဲဖြစ်ပါတယ်) File size… Quality…1080p WEB DL / 720p Format…mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Yunni ~ Aditi ~ YH ~ V
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |
ထုတ်လွှင့်သည့်နေ့
January 6, 2023
ကြာချိန်
2h 14m
အဆင့်သတ်မှတ်ချက်
0.0 / 10
Director
Viral Shah